Wednesday, February 16, 2011

သူတို့နှစ်ယောက်

သူတို့ ၂ယောက် ဘယ်သူလဲဆိုတာ မပြောခင်း နည်းနည်း အင်ထရိုဝင်ပါအုံးမယ် ကျနော့်ကိုအရင်တုန်းက သူငယ်ချင်းတွေက မွေးနေ့ပွဲစားလို့ ခေါ်ကြပါတယ် အဟုတ်ပါ ကျနော်ကတော့ လူတစ်ယောက်ရဲ့ မွေးဖွာလာတဲ့နေ့လေးကို လေးလေးနက်နက်ခံစားတတ်တယ် အရင်ကတော့ ဘလော့ဂါ ပေါက်စနလေးတုန်းက အွန်လိုင်းမှာတစ်ချိန်လုံးပေါ့ တွေ့သမျှလူကို လိုက်အက်စ် စကားတွေဖောင်းပွနဲ့ တော်တော်ကိုရှုပ်တဲ့ ငရှုပ်တစ်ကောင်ပါ ခင်တဲ့သူတွေရဲ့ မွေးနေ့ဆိုရင် အနှစ်မပါတဲ့ ပုံတွေ အင်တာနက်ကရှာပြီး ကိုယ်စားမွေးနေ့ပွဲတွေလိုက်လုပ်တတ်ပါတယ် ဒါကြောင့်လည်း သူများတွေ အမြင်ကတ်ပြီး မွေးနေ့ပွဲစားလို့ပြောကြတာနေမယ် ဒီတစ်ခါတော့ ခလေးဆန်တဲ့ အလုပ်တွေမလုပ်ချင်တော့ပါဘူး ရင်ထဲက လာတဲ့စကားတွေနဲ့ ကျနော်ခင်တဲ့ သူတွေအတွက် မွေးနေ့ဆုတောင်းစကားလေးပါ ။

အကောင်ပေါက်စလေး

တော်တော်ကြာပြီး အစ်ကိုပေါက်စနဲ့ ကျနော်နဲ့ခင်တာ ကျနော်က အွန်လိုင်းမှာ မိန်းခလေးသူငယ်ချင်းထပ်ယောက်ျားလေးသူငယ်ချင်းပိုများတယ်လို့ပြောရမယ် အမှန်တော့ ကျနော်က အွန်လိုင်းဇတ်လမ်းတွေ ထွန်းကားတဲ့ ဟိုးတုန်းက ကျနော့်ကို ငကြောင်လို့ ထင်မှာစိုးလို့ မိန်းခလေးတွေနဲ့ သိပ်မချက်ရဲပါဘူး ။ အစ်ကိုပေါက်စ လေးက အကောင်ကသေးသေး ဒါပေမယ့် တကယ့်လူကြီးလေးပါ သိပ်လေးစားဖို့ကောင်းတယ် ။ ကိုယ့်အတွက် ဒီလိုသက်မဲ့လို့ခံစားရတဲ့ အွန်လိုင်းမှာ အစစ်မှန်သံယောဇဉ်တွေပေးခဲ့တဲ့ ဘလော့လေးကို အမြဲကျေးဇူးတင်ပါတယ် ။ အစ်ကို့အတွက် အရင်က မွေးနေ့ကဗျာလေးတစ်ပုဒ်ရေးပေးဖူးတယ် ။ အစ်ကိုဟာ ကျနော့်အတွက် အစ်ကိုရင်းတစ်ယောက်လိုများဆိုရင် နည်းနည်းများပိုသွားလေမလား သူကကော သိမှသိပါ့မလား အသက်လည်းသိပ်မကွာပဲ သူက ဘာကြောင့်များ ဒီလောက်လူကြီးဆန်ရတာလည်းလို့ တစ်ခါခါတွေးမိတယ် ကျနော့်ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေလည်း ခဏခဏပြောပေးတဲ့သူပါ ။သူက တိတ်တဆိတ်လေး ပုန်းလျှိုတတ်ပေမယ့် ဂရုမပြုတဲ့သူတစ်ယောက်တော့မဟုတ်ပါ ခုချိန်ထိ စကားပြောတိုင်း အစ်ကိုက ကျနော့်ကိုမင်းနဲ့ ငါလို့ တစ်ခါမှမသုံးဖူးပါဘူး စကားပြောတိုင်း ညီ ညီ နဲ့ တော်တော်ကိုနုညံ့တဲ့သူပါ ။. သူများစကား ယူသုံးရရင် သူဟာ ကျနော့်အတွက် စကြာင်္ဝဌာတစ်ဖက်က ရင်ဘတ်တစ်ခြမ်းပေါ့ ။ သူ့မွေးနေ့ကတော်တော်ကိုလွန်ခဲ့ပြီး ခုမှ မွေးနေ့ဆုတောင်းပေးရတဲ့အတွက် ဆောရီးပါ အစ်ကိုး) အစ်ကို့ညီကတော့ မပြောင်းလဲသော အရှုပ်မဟုတ်တာတွေကို ရှုပ်နေရင်း မအားမလပ်ပေါ့ ။ဆားချက်တာတော့မဟုတ်ပါ သူ့အတွက် ကျနော်ရေးပေးဖူးတဲ့ ကဗျာလေးကို ပြန်ကူးတင်လိုက်ပါတယ် ။



ကြွက်ကလေးရဲ့ အစ်ကို

ခလေးကိုယ်နဲ့ လူကြီးစိတ်ကလေး
...သူ့မှာရှိတယ် မှောင်ဝင်တဲ့ ကဗျာပိုးတွေနဲ့
ချစ်သူကို လွမ်းတဲ့ လွမ်းတေးကဗျာတွေ
သူ့အစ်ကို့...ကို ချစ်တဲ့ စိတ်နဲ့
အဖေ့ကို တမ်းတ အမေ့ကို ဦးခိုက်တဲ့ ဂါဝရတရားတွေရှိတယ်
သူ့မှာရှိတယ်...အငယ်တွေမရှိပေမယ့်
အစ်ကိုကြီးတစ်ယောက်က ညီတစ်ယောက်ကို ဂရုစိုက်တတ်တဲ့အကျင့်
ငိုနေတဲ့ ညီမငယ် တစ်ယောက်ကို နှစ်သိမ့်တတ်တဲ့ အကျင့်လေးတွေရှိတယ်
ဝတ်ရုံတွေကို ခွာချ အဖြူထည် မေတ္တာတွေနဲ့
အကြင်နာ ဆုံးမ စကားတွေ ဆိုတတ်တယ်
သူက ငြိမ်သက်နေတဲ့ ကမ်ရေပြင်လိုပဲ
အေးမြ တည်ငြိမ်တဲ့ သွင်ပြင်
လောကဓံကို ကြံ့ကြံ့ခံ အပြုံးမပျက်ပဲ ဆက်လျှောက်တဲ့ မာန်တွေရှိတယ်
ဟုတ်ကဲ့....ကြွက်ကလေးမှာ မရှိတဲ့ အရာတော်တော်များများ အစ်ကို့မှာရှိတယ်
သူက ....
ကြွက်ကလေး အစာရှာထွက်ရင်း ကောက်ရခဲ့တဲ့ အစ်ကိုပါ
သူလား
ဒီနေ့မှာလူပျိုကြီးနံ့သင်းပျံ့လာပြီး
လူများများရှိတဲ့နေရာတွေ ရှောင်တတ်တဲ့
ကြွက်ကလေးရဲ့ အစ်ကိုမွေးနေ့ပါ
ဘာဆုပေးရမလဲ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေလို့း)

ခုကြွက်ညီအစ်ကိုတွေထဲ ကျနော်နဲ့သူ ၂ကောင်ပဲကျန်တော့တာပေါ့း)။


၂ လုံးပေါင်း ၉ ဂဏာန်းရှိတဲ့ အစ်ကို

သူမသိပေမယ့် ကျနော့်ပါသာ အစ်ကိုဖမ်းတော်လိုက်တဲ့သူပါ သူ့ဘလော့ကိုစရောက်ဖူးတာ အသွင်တူ၏မတူ၏ ဆိုတဲ့ပို့စ် ကမှ စရောက်ဖူးတာ စာတွေက လေးနက်ပြီး ပညာသားပါတယ် တည်တည်ငြိမ်ငြိမ်လေးနဲ့ဖတ်လို့ကောင်းပါတယ် ဓာတ်ပုံတွေက လက်လန်အောင်ကောင်းပြီး ပျော်ရွှင်စရာမိသားစုလေးနဲ့ အားကျဖို့ကောင်းတဲ့အစ်ကိုပေါ့ ။ မနေ့က ပို့စ်ဟောင်းတွေပြန်ဖတ်ရင်း မနက်ဖန် အစ်ကို့မွေးနေ့ ဆိုတာ သိလိုက်တယ် စကားလည်းမပြောဖူး သိတာလည်းမကြာသေးပေမယ့် ကိုယ့်စိတ်ထဲက အလိုလို အစ်ကိုရင်းလိုခင်မင်နေတဲ့ အစ်ကို ညီလင်းသစ် ရဲ့ ၂ လုံးပေါင်း ၉ ဂဏာန်းမြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာလည်း ချစ်တဲ့အိမ်သူ “ပါးပါးက သားရဲ့ အသည်းတုံးကြီး ”လို့ပြောတတ်တဲ့ ချစ်စရာ့သားသားတို့နဲ့အတူ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ ။


သူတို့ ၂ယောက်အတွက် အမှတ်တရပါ Happy Birthday နောက်ကျသောမွေးနေ့ရှင်နဲ့ တစ်ရောက်စောနေသောမွေးနေ့ရှင် :) ။

10 comments:

  1. မွေးနေ့ ရှင်တွေလည်းဒီပို့ စ်လေးကိုဖတ်ပြီး
    ပီတိဖြစ်မိမှာပါ..မောင်မျိုးရေ..
    (အစ်ကိုလည်း ..အွန်လိုင်းမှာတွေ့ ရင် ယောကျာ်းလေးတွေနဲ့ ပဲချက်ဖြစ်တာများတယ်ဗျ ..)

    ခင်မင်လေးစားလျှက်
    အုပ်ကြီး

    ReplyDelete
  2. မွေးနေ့ရှင်များ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ
    နောက်ကျသွားတယ်။ လင့်ခ်ယူသွားတယ်နော်
    အမတို့ဆီ လာမယ်ဆို ကြိုပြောနော်
    ဂျီးများတဲ့ မောင်မျိုးအတွက် ဟင်းတွေ
    ရွေးချက်ထားမယ်း) နယူယောက်မှာ နေပါတယ်
    ရောက်ရင် အကြောင်းကြားပေါ့း)


    Baby taster

    ReplyDelete
  3. ညီလင်းသစ်February 17, 2011 at 8:20 AM

    မောင်မျိုး ...
    ကျေးဇူးအများကြီး တင်ပါတယ် ညီရေ...၊ အမှတ်အသားကလဲ ကောင်းလှချည်လား၊ ရင်းနှီးတဲ့ လူတချို့တောင် သတိမရတဲ့ နေ့တစ်နေ့ကို ညီက တခုတ်တရ ပို့စ်လေး ရေးထားတယ်ဆိုတော့ တကယ့်ကို ဝမ်းသာပါတယ်၊ အချိန်ရရင် ကိတ်မုန့် လာစားလှည့်ပါဦး...။း)

    ReplyDelete
  4. ကာလာတော့ အကျင့်လို ဖြစ်လာတယ်း-)))
    နားလည်ပေးတတ်တယ်ဆိုတာ နဂိုကတည်းက သိပေမယ့် ထပ်ပြောချင်သေးတယ် ...နားလည်ပေးပါဦးး-)))
    စကားမစပ် ဘန်နာလေး ကို သဘောကျတယ်ဗျး-))



    အစ်ကို ပေါက်စ ဆိုတဲ့ နာမည်ကတော့ ကြိုက်တယ် ညီရား-))))
    အစ်ကိုလဲ အခုတလော ဘီးဇီးနေတယ် ကိုယ့်ညီ ...
    သိတဲ့အတိုင်းပဲ လူပျိုကြီး ဆိုတဲ့ နာမည်ရလာရင် လူပျိုကြီး ရောဂါကလဲ စ လာပြီ ဟုတ်လားး-)))))

    ReplyDelete
  5. ချော(အစိမ်းရောင်လွင်ပြင်)February 17, 2011 at 1:31 PM

    မွေးနေ့ရှင်တွေလဲ ကျန်းမာပျော်ရွှင်ပါစေ
    မွေးနေ့ပိုစ့်ရေးသူလည်း ပျော်ရွှင်အဆင်ပြေပါစေ။
    အမှတ်တရ ရှိကြတာ ၀မ်းသာစရာ မင်္ဂလာပါ ပေါ့နော်

    ReplyDelete
  6. ဇာတ်ခုံက လန်းလှချည်လားဟ...မိုက်တယ်...။
    မွေးနေ့ရှင်တွေလည်း ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေဗျား...။

    ReplyDelete
  7. ဟက်ပီး ဘတ်ဒေးပါ မွေးနေ့ပိုင်ရှင်များ .. :D
    ခုရော စပွန်စာ ပေးသေးလားဟေ့ :D

    ReplyDelete
  8. ရွှေစင်ဦးFebruary 18, 2011 at 11:55 AM

    happy birthday ပါ မွေးနေ့ရှင်များရေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  9. ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေ မွေးနေ့ရှင်များရေ...

    လုပ်ပေးတဲ့သူလဲ အေးချမ်းပါစေ


    ငါလဲမွေးနေ့ပွဲစားငှားမလားလို့ ခက်တာက ငါမွေးတဲ့နေ့ ငါသေချာမသိတာပဲ မြောင်မျိုးရေ...

    ReplyDelete
  10. သူ့အကို အကောင်ဆိုးလေးကိုများ... တောင်းလိုက်ရတဲ့ ဆုတွေ၊ ရေးလိုက်ရတဲ့ အမှတ်တရ စာတွေ ကဗျာတွေကလဲ မပြီးနိုင်တော့ပါလား... နာမလိုတောင် ဖြစ်လာဘီနော်..... ဟွန်းးးးး

    မှတ်ချက် ။ ။ ကိုညီလင်းကို ပြောတာ မဟုတ်ဘူးနော်

    ReplyDelete