Thursday, February 3, 2011

ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ ။


ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ တဲ့ စာအုပ်နာမည်လေးက ဆန်းသလို အတွင်းပန်းချီတွေ စာသားတိုတွေကလည်းဆန်းပါတယ် ။ ဒီစာအုပ်လေး ကျနော့်လက်ထဲရောက်တာ ၃ နှစ်လောက်တော့ရှိပြီး အရင်က စာအုပ်တွေကိုတန်ဖိုးထားရကောင်းမှန်းမသိပေမယ့် ခုတော့ စာအုပ်တွေကို သေချာစုသိမ်းတတ်နေပါပြီး ဒါကြောင့် ဒီစာအုပ်လေးကိုလည်း ပြောင်းလေရာနေရာတိုင်း ယူသွားဖြစ်တယ် အမှန်တော့ ဒီစာအုပ်လေးက လက်ဆောင်ရတဲ့စာအုပ်လေးပါ ကျနော့်သူငယ်ချင်းက ကျနော့်ကို ဘာအတွက် ဒီစာအုပ်လေးလက်ဆောင်ပေးလဲဆိုတာ ခုတော့သိလာသလိုလို သူက အင်မတန်လူကဲခတ်တော်တဲ့ကောင်ပါ ကျနော့်အတွက် အသုံးဝင်မယ့် စာအုပ်လေး လက်ဆောင်ပေးတဲ့သူ့ကို လေးစားတဲ့ အနေနဲ့ ကျနော် ဒီစာအုပ်လေး သူများငှားရင်တောင်မပေးပါဘူး ။ အမှန်ကတော့ တိုတာပါ ပြန်မပေးမှာကြောက်လို့ ။

ဒီစာအုပ်ကို စစချင်းဖတ်တုန်းက ကျနော်သိပ်နားမလည်ပါဘူး အတွင်းထဲက စာသားတွေက ဘာကိုပြောချင်တာလည်းဆိုတာ သိပ်မသိဘူး ခုတော့ ပြန်ပြန်ဖတ်ဖြစ်တဲ့အခါတိုင်း သူပေးချင်တဲ့ မက်ဆေ့က ဘာလဲဆိုတာ နည်းနည်းသိလာသလို ။စာအုပ်ကာလာက အနီ ၊ အနက် နဲ့ အဖြူ ရောင်တွေကိုပဲ သုံးထားပါတယ် ။ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာတော့ ....
““ ယခုနည်းသည်
မှားယွင်းသော နည်းဟု ထင်ရသည် ။
သို့ရာတွင်
အောင်မြင်ရေးအတွက်
မှန်ကန်သောနည်းလမ်းဖြစ်သည် ”” လို့ရေးထားပါတယ် ။



ဒီစာအုပ်မှာ စာနည်းပြီး သရုပ်ဖော် ပန်းချီနဲ့ စာကြောင်းတိုတိုတွေပဲရေးထားတာများပါတယ် ဒါပေမယ့် အဲ့စာသားတိုတိုလေးတွေကပဲ တွေးစရာတွေအများကြီးပေးနေသလိုလို ကျနော့်လို ခပ်ပိန်းပိန်းသူဆို ပိုဆိုးပေါ့ ဖတ်လိုက် ခေါက်ထားလိုက် နောက်တစ်ခေါက်ပြန်ဖတ်လိုက်နဲ့ ခဏခဏပါပဲ ။ ကျနော့် အကြိုက်ဆုံး စာသားကိုတော့ အလုပ်ခန်းလိုလို သံတိုင်တွေခတ်ထားတဲ့ထဲက ကျောပေးထားတဲ့လူတစ်ယောက် ။
TRAPPED
ထောင်ချောက်တွင် ပိတ်မိနေသကဲ့သို့ သောင်တင်ရေမကျဖြစ်နေခြင်းမှာ ဆုံးဖြတ်ချက်အမှားများချမိ၍မဟုတ်ပါ ။မှန်ကန်သော ဆုံးဖြတ်ချက် ချမိ၍ဖြစ်ပါသည် ။

“သင့်ဘ၀ ဘယ်လိုဖွံ့ဖြိုးတိုးတက်လာနိုင်မလဲဆိုတာကို သင်သိချင်ရင် သင်ဘယ်ကို ဦးတည်နေတယ်ဆိုတာ ပထမဆုံး သိဖို့လိုပါတယ် ”

အဓိပ်ပါယ်ရှိသော ဆုံးဖြတ်ချက်များချခြင်းကြောင့် ပေါ်လာသည့် ပြသနာမှာ လူတိုင်းဖြစ်တတ်ပါသည် ”” တဲ့ ကိုယ့်ကိုယ်ကို ပြန်အားတင်းလိုက်ရသလို ကျနော်က ခဏခဏ ဆုံးဖြတ်ချက်တွေမှားမှားတတ်လို့ပါ ။

ဒီပုံကိုကြည့် ဒီစာသားကိုဖတ်ပြီး ကျနော်ကတော့ တွေးချင်တာတွေးထည့်လိုက်တယ် ဟုတ်ပါ့ မာနကတော့ရှိရမှာ မှန်ကြည့်သလိုပဲ သူပြုံးပြတော့ ကိုယ်ပြုံးပြမယ် သူမဲ့ပြတော့ကိုယ်မဲ့ပြရမှာပေါ့ တစ်ခါခါတော့ သည်းခံပါများရင် ကိုယ်က ငပေါကြီ်းဖြစ်ဖြစ်သွားတတ်တယ်လေ ။

ဒီမှာတော့ စာရေးသူက စာလေးတစ်ကြောင်းပဲရေးထားတယ် ဒီစာမျက်နှာမှာ သရုပ်ဖော်ပုံထည့်ဖို့ ကျွန်တော် တွေးမရဘူး တဲ့ ။ ကျနော်လည်း လိုက်စဉ်းစားလိုက်မိတာ ရှုံးပါတယ်ဆိုမှ အောင်ပွဲက ရှိနိုင်အုံးမလား ။ အင်း တစ်ချို့သော အရှုံးတွေက စွန့်လွှတ်ခြင်း အရှုံးတွေ သူ့ကိုသူတော့ သူရဲကောင်းလို့သတ်မှတ်နိုင်ပြီး အောင်ပွဲခံနိုင်တာပဲ အဲ့ပီတိမျိုး သိပ်ချိုမြိန်မယ်လို့ထင်ပါတယ် ။

အဲ့ဒီစကားလုံးလေး ကျွန်တော့ကို အံသြပါ..... လို့ဆိုခဲ့သူ ရစ်ချက်အဗီဒွန် ဆိုတဲ့ လူငယ်လေးကတော့ အအောင်မြင်ဆုံး ဓာတ်ပုံဆရာတစ်ဦးဖြစ်ခဲ့ပါတယ်တဲ့ ကျနော်သာ အဲ့လိုပြောမိလို့တော့ အရူးလို့ထင်ကြမှာနော့်း) ။

ဒီစာအုပ်လေးက ဘာပဲဖြစ်ဖြစ် စဉ်းစားစရာတွေ အများကြီးပေးတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ ။ စိချလက်ချ လုပ်လိုက်တာထက်ပိုပြီး အန္တရာယ်ကြီးတာမျိုး မရှိဘူးဆိုတဲ့ အခြေနေမျိုးကြုံဖူးပါသလား ။သင့်ကို ချောက်ကမ်းပါးပေါ်ကနေ ကျသွားစေနိုင်တဲ့ ဖြောင့်တန်းသော လမ်းကျဉ်းကလေးမျိုး လျှောက်ခဲ့ဖူးသလား တဲ့ သူမေးထားတဲ့ မေးခွန်းလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ် ။ ကျနော်ကတော့ ဒီစာအုပ်လေးဖတ်ပြီး အမြတ်ရလိုက်တာလေးတစ်ခုရှိတယ် စာအုပ်ခေါင်းစဉ်လေးအတိုင်း ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ ဆိုတော့ ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ အရာများ မှားနေသလားလို့ ပြန်ဆင်ခြင်မိခြင်းနဲ့ ကိုယ့်အပေါ်အမှားလုပ်ထားတယ်လို့ယူဆထားသူတစ်ယောက်အပေါ်ကိုလည်း သူလည်းမှန်ကောင်းမှန်နိုင်တာပေါ့ ငါလည်းမှားနိုင်တာပဲလို့ ပြန်တွေးမိခြင်းပါပဲ ။

16 comments:

  1. အဲဒီ စာအုပ်ကို အစအဆုံးတစ်လုံးမကျန် ကူးတင်ပေးဟာ.. ပြီးရင် စာအုပ်ငါ့ကို ခဏငှား...

    မောင်မျိုးလုပ်နဲ့ နည်းအတိုင်းအတုခိုးလိုက်မယ်လေ။

    ReplyDelete
  2. မူရင်းစာအုပ်က ဘယ်သူရေးတဲ့ စာအုပ်လဲ မသိဘူး။ အဖုံးကို သေချာမမြင်ရလို့။
    အမကတော့ စဉ်းစားရတာဆို ဖတ်ချင်ဘူး။ ပျင်းလို့။ ရသစာအုပ်လောက်သာ ဖတ်ချင်တယ် :))

    ReplyDelete
  3. စာအုပ်လာမငှားတော့ပါဘူး.. တစ်အုပ်လုံး ပြန်ရိုက်တင်ပေးပါ လို့ပဲ တောင်းဆိုချင်ပါတယ်.. :D

    ReplyDelete
  4. စာအုပ်ကိုစိတ်ဝင်စားပါတယ်။ ဘယ်မှာများရနိုင်မလဲ။ Online ကနေရော ဖတ်လို့ရနိုင်တဲ့နည်းရှိလားဟင်။ Original အင်္ဂလိပ်စာအုပ်ကတော့ ဒီကစာအုပ်ဆိုင်တွေမှာ ရကောင်းရနိုင်လိမ့်မယ်။ ဒါပေမယ့် မြန်မာဘာသာပြန်စာအုပ်ဆိုတော့ ဖတ်ရတာ ပိုလွယ်ကူမယ်။

    ReplyDelete
  5. တော်တော် စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်လေးပဲ၊ စာကြောင်းတိုတိုလေးတွေက လှစ်ခနဲ ဖတ်လိုက်ဖို့ အတွက် အတော်ပဲ၊ ပြီးမှ ကျန်တဲ့အချိန်မှာ တနုံ့နုံ့ ဆက်တွေးပေါ့...၊

    Think out of the box ဆိုတာမျိုးနဲ့လည်း ဆင်တယ်၊ မျှဝေတာ ကျေးဇူးပါပဲမောင်မျိုးရေ....။

    မမေဓာဝီ... မူရင်းက Paul Ardan ရဲ့ Whatever you think, think the opposite. ပါ..။

    ReplyDelete
  6. စာအုပ်ခဏငှား.....:)။မငှားချင်ဘူးလား...ရတယ်...တစ်
    အုပ်လုံး ပုံနှင့်အကွတင်ပေး....:)

    ReplyDelete
  7. အထဲက စာတော့ မသိဘူး ဒီဇိုင်းတော့ အတော်သဘောကျသွားတယ်..
    စာတော့သေချာဖတ်ကြည့်မှ ဘယ်လိုဆိုတာ သိရမှာ
    မောင်မျိုးပြောသလောက်နဲ့တင် စိတ်ဝင်စားစရာကောင်းနေပါပြီ။
    ဒါနဲ့ ဘလော့လာလည်တဲ့သူတွေကို တစ်ယောက်တစ်အုပ် လက်ဆောင်ပို့ပေးမလို့ဆို ဟုတ်လား
    လိပ်စာပို့လိုက်ရတော့မလားး)

    ReplyDelete
  8. အထဲက စာကိုတော့ မသိဘူးလေ.. ခေါင်းစဉ်ကိုပဲ ပြောကြည့်မယ်.. ဘာကိုတွေးတွေး ဆန့်ကျင်ဘက်ကိုတော့ တွေးလို့ရပါတယ်... ဒါပေမယ့် အဲဒီအတွေးတိုင်း ဆုံးဖြတ်ချက်ချဖို့နဲ့ လိုက်လုပ်နေမယ်ဆိုရင်တော့ အဆင်ပြေလာမှာမဟုတ်ဘူး... ဘာကိုတွေးတွေး ဆန့်ကျင်ဘက်တွေးပါ ဆိုတာထက် ဘာကိုတွေးတွေး အတည့်၊ ဆန့်ကျင်၊ ခြုံငုံတွေးပါ ဆိုရင် ပိုသဘောကျမိမှာပဲ.. (ခေါင်းစဉ်ကိုပဲပြောတာပါ.. အထဲကစာကတော့ ဘယ်လိုနေမယ်မသိ..)

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  9. စာအုပ် အကြောင်းလေး လာဖတ်သွားတယ် မောင်မျိုး... စိတ်ဝင်စားစရာနော်။ အစ်မလည်း စာဖတ် ၀ါသနာ ပါတယ်။ ဒီရောက်တော့ e-book တွေပဲ ဖတ်ဖြစ်တော့တယ်။

    ReplyDelete
  10. ဟုတ်ပ.
    ဘလော့လာဖတ်တဲ့သူတွေ
    တစ်ယောက်တစ်အုပ် လက်ဆောင်ပို့မယ်ကြားတယ်
    မြန်ချောနော်..မြန်ချော..လိပ်စာသိတယ်ဟုတ်:)

    ReplyDelete
  11. မိုးယံ...ကူးတော့တင်ပေးချင်ပါရဲံ့ ဒါမယ့် အဲ့စာအုပ်က စာနည်းပြီူး ပုံတွေပဲများတယ်ကော နောက်တော့ ကြုံရင် စာအုပ် ငှားမယ်လေး)

    မမေ...ဟုတ်ကဲ့ မမေ မေးထားတာ ကိုညီ ဖြေထားတယ် အောက်မှာဗျ ကျနော်လည်း ရသတွေကြိုက်တယ်ဗျ.

    မီ....အေး နောက်တော့ တင်ရင်ပြောမယ်လေ ခုတော့ ငါပျင်းနေတယ်ဟ .

    လပြည့်ရိပ်.... ဘယ်သူဆိုတာ သိချင်လို့ သွားကြည့်လိုက်တော့ ဆရာမမေငြိမ်း ဖြစ်နေတော့ လန့်သွားတယ်း) ကိုယ်လေးစားတဲ့သူဆိုတော့ ကျနော်နောက် အားရင် စကင်ဖတ်ပြီးတင်ပေးမယ်ဗျ ခုလောလောဆယ်တော့ ပျင်းတာကော မအားတာကောမို့ စာအုပ်က အွန်လိုင်းမှာမရှိဘူးထင်တယ် ။

    ကိုညီ....အစ်ကိုလည်း ဖတ်ဖူးတဲ့ စာလေးတွေ ရီဗြူးတင်ပေးပါလားအစ်ကိုရ အစ်ကိုဆို ညီ့ထက် စာတွေအများကြီးဖတ်ဖြစ်မှာ ။

    ကိုမောင်လေး..... နောက်မှနော့်း)

    မချော.....လိပ်စာပို့ထားလေ စာအုပ်နောက်မှပို့မယ် အစ်မဆီမှာ မုန့်ဖိုးလာတောင်းမလို့ ။

    နေ၀သန်...မင်းကတော့ ဆန့်ကျင်ဘက် ခေါင်းစဉ်နဲ့လိုက်ပါပေတယ် ။

    မရို့စ်.... ဟုတ်ကဲ့ အစ်မ

    ညီသူ...ခွေကောင်လေး မင်းပြန်မလာသေးဘူးလားဟ သတိရနေပြီး လိပ်စာသိတယ် မင်းငါ့အကြွေးမပေးသေးရင် လာတောင်းမလို့ ။

    ReplyDelete
  12. ဟမ်... အခုမှ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ ကျွန်မရဲ့ ကွန့်မန့်ကို ကိုမျိုး ပြန်ဖြေထားတာ တွေ့ရတယ်...ကျွန်မ ဆရာမ မေငြိမ်းမဟုတ်ပါဘူး.... :-)

    ReplyDelete
  13. ဟုတ်လား ဒါဆို ကျနော် လွဲပြန်ပြီပေါ့ ဆောရီးဗျး) ကျနော်က အဲ့လိုပဲမကြာမကြာ လွဲတတ်တယ် ။

    ReplyDelete