Monday, January 3, 2011

*** အနာဂတ်တွေနဲ့ပစ်ပေါက်တဲ့နေ့***

မြေလွှာအောက်က ထိုးထွက်လာတာခြင်းတူတော့
ရင်ဘတ်မှာက ဖုတ်မြေတွေ အလိမ့်လိမ့်တတ်
ကိုယ့်မျိုးစေ့ကို ရေလောင်းပေါင်းသင်
အသီးအပွင့်တွေရှင်သန်ခဲ့ကြတယ်...။

လမ်းတူပေမယ့် လမ်းအတူမလျှောက်ဘူးပါဖူး
လက်တစ်ကမ်းစာက ချိုမြိန်မှုတွေအတွက်
ရဲရဲတင်းတင်းခေါင်းမော့ရင်း
အပြုံးအချို့နဲ့ ဘဲစားဘဲချေလုပ်ခဲ့ကြတယ်...။

မလှပါဘူး... ဟုတ်တယ်
(လျှောက်ခဲ့တဲ့လမ်းက) လှပမှုမရှိခဲ့ဘူး...
စွန်းထင်မှုကင်းမဲ့တာက မင်းရဲ့တန်ဖိုး
ဖြူစင်ခြင်းက မင်းရဲ့ဂုဏ်ဒြပ်ပဲလေ...။

ခပ်ကျဉ်းကျဉ်း ကမ္ဘာမှာ
နေရာတစ်နေရာအတွက်
ကိုယ်ထူကိုယ်ထ စနစ်ထဲ
အနာဂတ်တွေနဲ့ ထိုးနှက်ရိုက်ထည့်
မှတ်တိုင်နံပါတ်တွေ တောင်ကျော်ခဲ့ပြီ...။

ကဲ... မောင်မျိုးရေ... ညီလေးရေ...
ဒီတစ်ကြိမ်တော့ ကိုယ့်ဗီဇကိုယ်ဖိသွေး
ငါတို့ကိုယ်ငါတို့
အနာဂတ်တွေနဲ့ ပစ်ပေါက်ကြစို့....။



ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်တဲ့ ရှု့ထောင့်ကနေ ကိုယ့်အတွက်ရင်ဘတ်တူသူတွေရေးပေးတဲ့စာ ။ ဒီကဗျာကတော့ သူငယ်ချင်း လွမ်းလုင် ရဲ့ ၂၀၀၈ ၊ ၁ လပိုင်းတုန်းက ကျနော့်အတွက်ရေးပေးတဲ့ ကဗျာလေး ခုတော့ သူလည်း ဘယ်ဆီရောက်လို့နေလဲမသိပါ ။အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ဘ၀ ကိုယ်ကျောင်း တွေ့ဆုံတုန်းခဏ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေပဲ ချန်ခဲ့ချင်တယ် ဒါပေမယ့်လည်း...................။

7 comments:

  1. ကဗျာလေးဖတ်ရတာ နင့်သွားတယ်
    ပြောစရာစကားတွေက ဝေးလိုက် နီးလိုက်

    ReplyDelete
  2. အနာဂတ်တွေနဲ့ ပစ်ပေါက်
    ရောက်တတ်ရာရာ ..

    ခပ်ကျဉ်းကျဉ်းကမ္ဘာမှာ
    အလွမ်းတွေက နေရာအပြည့်ယူထား
    ဘယ်က စ သွားရမလဲဗျာ ....

    ReplyDelete
  3. :) အမှတ်တရတွေ ငါတို့မှာ များလာပီနော်..

    ReplyDelete
  4. ဘ၀မှာ အမှတ်တရတွေအများကြီးဘဲ
    တစ်ချို့အမှတ်တရတွေက ကြည်နူးဖွယ် လွမ်းဆွတ်ဖွယ်။ တစ်ချို့အမှတ်တရတွေက သင်ခန်းစာယူဖွယ်.. တစ်ချို့အမှတ်တရတွေကျတော့ ဘ၀ထဲက ဆွဲဖယ်ထုတ်ပစ်ချင်လောက်အောင် နောင်တရစရာတွေ..
    အင်း လူတိုင်းမှာ အမှတ်တရတွေ အများကြီး ရှိတတ်ပါတယ်လေ...
    ကြည်နူးစရာ ပျော်ရွှင်စရာတွေကြီးဘဲဆို အကောင်းသားနော်

    ReplyDelete
  5. လမ်းတူပေမယ့် လမ်းအတူမလျှောက်ဘူးပါဖူး
    လက်တစ်ကမ်းစာက ချိုမြိန်မှုတွေအတွက်
    ရဲရဲတင်းတင်းခေါင်းမော့ရင်း
    အပြုံးအချို့နဲ့ ဘဲစားဘဲချေလုပ်ခဲ့ကြတယ်...။

    စာသားတွေက အဓိပါယ် အပြည့်နဲပါပဲ

    ReplyDelete
  6. ကဗျာလေးကိုဖတ်လိုက်တာနဲ့ စိတ်ထဲမှာ တစ်ခုခုခံစားသွားရတယ်... မိုက်တယ်.. ခပ်မာမာ ကဗျာလေး..း))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete