Thursday, December 2, 2010

မသိဘူး

လျှောက်ရမယ့် လမ်း
ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
ဆုမတောင်းခဲ့“ဘူး”
ရယ်စရာတွေပြော ပျော်ချင်ယောင်ဆောင်ပေမယ့်
ငါ ကြေကွဲတာ
ဘယ်သူမှမသိစေရ“ဘူး”
လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
Good Bye လို့  ငါမပြော“ဘူး”
သိနေတာတွေကို မသိချင်“ဘူး”
မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
ဘာတွေဖြစ်လာအုံးမလဲ???
မသိ“ဘူး”


မှတ်ချက် ။ ။ ကဗျာကလည်း ကြောင်တောင်တောင်နဲ့ နော့် ကျနော်က အဲ့လိုပဲ တစ်ခါခါ ကျနော့်သူငယ်ချင်း မျက်မှန်လို ဖြစ်ချင်နေတယ်ထင်ပါ့း) ...။

10 comments:

  1. ဘူး တစ်လုံးဆောင် အိုတောင်မဆင်းရဲ "ဘူး"

    ReplyDelete
  2. ကိုအုပ်ကြီး ကျနော် ခုလောလောဆယ် ဘီယာ သောက်ဖို့တောင် ပြတ်နေတယ်ဗျ ဘူး ဆောင်တော့ ဆောင်တာပဲး)

    ReplyDelete
  3. ဘာပြောရမှန်းတောင်မသိတော့ “ဘူး”

    ReplyDelete
  4. မျက်မှန်ဆိုတာ ဘူ့ကို ပြောတာလဲဗျ..
    "ဘု "တောရင် "ဘူ"ကျတတ်တယ် ဘူကျလို့ကတော့
    အမြဲတမ်း "ဘူး"သီးစားရတတ်တယ်:P

    ReplyDelete
  5. ဘာဘာ ဘာမှ မသိဘူး ဆိုတာလဲ ကောင်းတာပါပဲ...စိတ်ချမ်းသာတယ်။ :D

    ReplyDelete
  6. လက်စသပ်တော့ ဘူးကဗျာကိုး... :D..

    ReplyDelete
  7. မောင်မျိုးရေ....
    ဘယ်ကသာ ကြောင်တောင်တောင်ရမတုန်းဟာ...
    “လျှောက်ရမယ့် လမ်း
    ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
    ဆုမတောင်းခဲ့“ဘူး”
    ရယ်စရာတွေပြော ပျော်ချင်ယောင်ဆောင်ပေမယ့်
    ငါ ကြေကွဲတာ
    ဘယ်သူမှမသိစေရ“ဘူး”
    လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
    Good Bye လို့  ငါမပြော“ဘူး”
    သိနေတာတွေကို မသိချင်“ဘူး”
    မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
    ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
    ဘာတွေဖြစ်လာအုံးမလဲ???
    မသိ“ဘူး” ”

    ရေးထားသမျှ အကုန်ကြိုက်တယ်။
    အေးးးး ကိုလည်း မျက်မှန်ပါပဲ။ :)
    အဓိက က အမြင်ကြည်နေဖို့ ပဲ လိုတယ်။ :)
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  8. တခါတလေ..လူတွေဟာကြောင်ဖို့လည်း
    လိုအပ်ပါတယ်..
    ခံစားချက်တွေကိုတခါတခါကြောင်တောင်တောင်
    ဖြစ်အောင်ချရေးဖို့လည်းလိုအပ်တယ်..
    ကျမဆိုတခါတခါကိုယ်ဘာခံစားမိလို့
    ခံစားမိမှန်းတောင်မသိဘူး...
    ကြောင်နေတာလေ..ခံစားရတာများလို့
    ထင်တာဘဲ...

    ReplyDelete
  9. ဘာဖြစ်လာမယ်လို့ ကြိုမသိတာက ပိုများကောင်းနေမလား လို့လေ
    နှုတ်မဆက်ချင်လည်း တိတ်တိတ်လေးဘဲ လက်ပြလိုက်တာပေါ့နော်...

    ReplyDelete