Monday, November 29, 2010

ချစ်သော မျက်မှန်

ကျနော် ချစ်သော ကျနော့်ရဲ့သူငယ်ချင်း ။ ကျနော့်မှာ သူငယ်ချင်းများများစားစားမရှိပါဘူး စတိတ်ကျောင်းသားဘ၀မှာတုန်းက ခင်ခင်မင်မင်ပေါင်းခဲ့တာသူငယ်ချင်းတစ်ယောက်ပဲရှိတယ် သူကတော့ ကျောင်းပြီးတာနဲ့ ဘုန်းကြီးဝတ်သွားလိုက်တာ ခုဆိုစာသင်ကျောင်းမှာ စာပြဦးဇင်းလေးတောင်ဖြစ်နေပြီး ။ အခုရေးမယ့်သူငယ်ချင်းကတော့ ကျနော် မော်လမြိုင်မှာကျောင်းသွားတက်တုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းပါ သူ့ကိုစတွေ့တုန်းက သူကလည်း အူလည်လည်လေး ကိုယ်ကလည်း ခပ်ကြောင်ကြောင် အားလုံးက ကိုယ့်မြို့ကိုယ်နယ်ကမဟုတ်တော့ ခပ်စိမ်းစိမ်းနဲ့ ။ သူက ရွှေကိုင်းမျက်မှန်လေးတပ်ပြီး ထမင်းချိုင့်လေးနဲ့ အားလုံးက ရုပ်ရှင်ထဲကလို ကျောင်းသားကြီးတွေနဲ့ မတူပါဘူး ခုမှ မိဘနဲ့ ခွဲလာရတဲ့ ခလေးလေးတွေလိုဖြစ်လို့ ။ မွန်ပြည်နယ်က မွန်တောထဲနေပြီး မွန်လိုမတက်ကြတဲ့ ကျနော်တို့ ၂ ယောက် မွန်တွေများတဲ့ကျောင်းမှာ ၂ယောက်သားပေါင်းမိကြတယ်။

တစ်ခါခါ သူပါလာတဲ့ ထမင်းချိုင့်ထဲက ကျနော် ဟင်းခိုးခိုးစားရင်လည်း စိတ်မဆိုးပဲ ပြုံးနေတတ်တယ်။သူက ခပ်အေးအေးသမား ကျနော်ကတော့ ခင်ပြီးဆို စကားကိုရေပက်မ၀င်အောင်ပြောတဲ့ အကျင့်က ပြင်မရ ။ Roll No မြင့်ပြီး သုံးစားလို့ကိုမရဘူးလို့ကျနော် မကျွမ်းတဲ့ mechanic တွက်စာတွေကျရင် သူက စကားနာထိုးတတ်ပါတယ် ။Drawing အချိန်ရောက်ရင် မတ်တပ်ရပ်ရတာညောင်းလို့ နောက်ဆုံးမှာ တန်းစီပြီးကျောင်းဝန်းထဲက သရက်သီးခူးလို့ သူငယ်ချင်း၂ယောက် တစ်ယောက်တစ်ကိုက် စားခဲ့ဖူးတယ် ။ မာမား ပြုတ်တစ်ထုတ်ကို ရေခွက်ထဲထည့် လုစားခဲ့ချိန်တုန်းက “ မှန် ခေါက်ဆွဲဖတ်တွေက မနူးဘူးကော ” ၊ “ အာပြဲမ နူးတာမနူးတာတွေ မလုပ်နေနဲ့ အဆောင်မှူးမိရင် ဒဏ်ငွေဆောင်ရမှာ ” သူက အင်မတန် ကပ်စီးနည်းပါတယ် ။ အဲ့ ကပ်စေးနှဲကော်တစ်ရာကို ကျနော်က ရအောင်ကို ခွာတယ် ။

ဟား ဒီခေါင်းလျှော်ရည် မင်းတို့မေ ပို့လိုက်တာမှတ်လား ပေး ငါ့လည်းပေးလျှော် ”လက်ထဲကို ညှစ်ထည့် ပြီးတော့ ခေါင်းကိုသုတ်လိုက်တယ် ။ “ မှန် .... ငါ့မျက်နှာ ၀က်ခြံတွေထွက်လာပြီး သဲပါတဲ့ မျက်နှာသစ်ဆေးသုံးမှထင်တယ် မင်းမှာရှိတယ်မှတ်လား ငါ့နည်းနည်းပေး ” ။ သူမပေးတဲ့ အခါတွေကျရင်တော့ သူတိတ်တိတ်လေး ကြွေနေတဲ့ အီးစီမေဂျာက ပိန်မ က ကျနော့်ရဲ့ နိုင်ကွက်ပေါ့ “ အေ ....မပေးနဲ့နော် ပိန်မရှေ့ရောက်ရင် မင်းကို မျက်မှန်ရေ့လို့ အကျယ်ကြီးအော်ခေါ်ပြမယ် ” အဲ့လိုနည်းတွေနဲ့ ကပ်စေးနှဲစီက ကျနော် ခွာခဲ့ပေါင်းတွေတော်တော်များတာပေါ့ ။ ထမင်းသုတ်တစ်ပွဲ ၂ယောက်လုစားတဲ့ အခါတွေရှိသလို သဘောင်္သီးဖျော်ရည်တစ်ခွက်ကို ပိုက်၂ချောင်းတပ် အသက်မရှူတမ်း ပြိုင်သောက်ကြလို့ ဆိုင်ရှင်ကတောင် မျက်လုံးပြူးရတဲ့ သိပ်ချစ်ကြတဲ့ ကျနော်တို့ သူငယ်ချင်း ၂ယောက်ပါ။

အတန်းဖော်တွေက ဒီနေ့ မျက်မှန်ကျောင်းပျက်မယ်ဆိုတာသိရင် ကျနော်လည်းမလာဘူးဆိုတာ ဗေဒင်ဟောနေစရာမလိုဘူးတဲ့ ။သူက အ၀ါရောက်ကြိုက်တယ် ကျနော်က အဖြူရောင်ကြိုက်တယ် ငယ်ပေါင်းတွေမဟုတ်ကြပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် စကားစလိုက်တာနဲ့ သိနေတာဟာလည်း ကျနော့်တို့ရဲ့ စစ်မှန်တဲ့သူချင်းသံယောဇဉ်ကြောင့်ထင်ပါတယ် ။ တစ်ဦးတည်းသောသား သူက မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေခဲ့ရချိန်နည်းတယ် သူ့ရဲ့စိတ်ခံစားချက် တစ်ချို့က တစ်ခြားသူတွေနဲ့ ကွဲပြားပြီး ဘုကန့်လန့်တိုက်တတ်တဲ့ အကျင့်လည်းရှိပါတယ် ။ခပ်ပိန်ပိန် ကျနော်က မချူချာရပဲ ၀၀လေးနဲ့ လူကြီးပေါက်စလေးလို ဖြစ်နေတဲ့သူကတော့ မကြာမကြာ ဖျားတတ်ပါတယ်။ ဘောလုံးပွဲလောင်းတယ် ချဲထိုးတယ် တစ်ခါခါ တရားထိုင်းတယ် မင်းသိင်္ခစာအုပ်တွေဖတ်တယ် ။

ကျနော် ကျောင်းဆက်မတက်ဖြစ်တော့ မင်း မရှိတော့ ကျောင်းတက်ရတာ ပျင်းတယ်ကွာတဲ့ ဒီကောင် အဲ့လိုမျိုး သိပ်မပြောတတ်ပါဘူး ။ စာရေးရမှာ ပျင်းတဲ့ သူငယ်ချင်းက စိတ်လိုလက်ရ ရှိတဲ့ အခါတွေကျရင်တော့ စာအရှည်ကြီးရေးတတ်ပါတယ် “ အမြဲတမ်း သတိရတယ်ဆိုတာ ဘယ်သူပြောပြော ငါမယုံလို့ အမြဲသတိရတယ်လို့မပြောတော့ဘူး” တဲ့ ဒီစာကြောင်းကတော့ ပထမဆုံး စာကြောင်းမှာ သူရဲ့ ခွကျကျ အတွေးလေးပေါ့ ။ အနေတွေဝေး အခြေနေတွေမပေးပေမယ့် သူနဲ့ ကျနော် အဆက်သွယ်တွေမပြတ်သွားကြပါဘူး ဖုန်းဆက်လို့ရရင် ဖုန်းဆက် သတင်းမေး လူကြုံစကားပါးတဲ့ အခါတွေလည်း ရှိကြပါတယ် ။ မနှစ်က ဒီလိုအချိန် ကျနော် အိမ်မှာရှိတုန်း သူ ကျိုက်င်္ထီးရိုး ဘုရားလာရင်း အိမ်ကိုဝင်လည်ဖြစ်တယ် ။ သူ့ပုံစံက တစ်မျိုးလေးတော့ ဖြစ်နေသလို နေများမကောင်းသလိုလို သူနဲ့ပါလာတဲ့ သူငယ်ချင်းကတော့ “ ကိုမျက်မှန်” က သိပ်မူမမှန်ဘူးတဲ့ အံ့လည်းသြသွားတယ် မဖြစ်နိုင်ပါဘူးလို့လည်း စိတ်ထဲ အသံတိတ်ပြောနေမိတယ် ။

သူ့လက်ကို ကျနော် ဆုပ်ကိုင်ပြီး “ မှန် မင်း နေကောင်းရဲ့လား ဘာတွေဖြစ်နေလဲ ဘာတွေ ခံစားနေရတာလဲ ငါ့ကိုပြော ” ဆိုတော့ “ ငါ ညနေပိုင်းရောက်ရင် ရင်ထဲက လေးလာပြီး ကြေးစည်ထုသံကြားရင် ၀မ်းနည်းသလိုလိုကြီးခံစားနေရတယ် ” တဲ့ ။မင်း ငါ့ဆီဆက်သွယ်အုံးနော်လို့ မှာလိုက်ပေမယ့် ကျနော်သူ့ကို မဆက်သွယ်မိဘူး ။ မနေ့က ကျောင်းမှာ ကျူတာပြန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တော့ မျက်မှန်တစ်ယောက် ကျန်းမာရေးမကောင်းလို့ အိမ်မှာပြန်နားနေရတယ်တဲ့ ပြီးတော့ ကျောင်းကလည်း လက်မခံတော့ဘူး တဲ့ တော်တော်ကိုဆိုးဝါးတဲ့ သတင်းဆိုးတစ်ခုပါပဲ သူငယ်ချင်းက စကားကိုလှလှလေး သုံးသွားပေမယ့် ကျနော်ချစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်းလေး မျက်မှန်က အသိစိတ်တွေ ပျောက်ပျောက်သွားတတ်ပြီး တစ်ယောက်တည်း ယဉ်ယဉ်လေး ရူးသလိုလိုး( ။

ဒီလိုအချိန်မျိုးမှာ ကျနော်သူ့အနားရှိနေချင်ပါတယ် သူကြိုက်တဲ့ အ၀ါရောင် အကျီင်္တွေ လက်ဆောင်ပေးရင်း သူကြိုက်တတ်တဲ့ ထမင်းသုတ်နဲ့ သဘောင်္သီးဖျော်ရည်ကို ကိုယ်တိုင်ကိုယ်ကျ သူစားဖို့အတွက် လုပ်ပေးချင်ပါတယ် ။ ဒီဘွဲ့ကို ရချင်လွန်းလို့ မပါဘူးထင်ရင် ခြစ်ချတတ်တဲ့ နှစ်တွေကျ ဘာတစ်ခွန်းမှမပြောပဲ နားလည်ပေး အချစ်တွေပုံကြတဲ့ သူမိဘတွေဆို ဘယ်လိုများ ခံစားရမှာပါလိမ့် ။ ချစ်သူငယ်ချင်းရေ ဘယ်လို ကြမ္တွာဆိုးကများ မင်းကိုဒီလောက်ထိ ရက်စက်ရတာလည်းကွာလို့ သူ့လက်ကို ကျနော်တင်းတင်းဆုပ်ပြီး ပြောချင်လိုက်တာဗျာ ။သူသာ ကျနော့်ကိုမြင်ရင်မှတ်မိကောင်းပါရဲ့ ပြန်ကောင်းနိုင်ပါရဲ့လို့ အားတင်းတွေးရင်း ကျနော် ချစ်တဲ့ ကျနော့်သူငယ်ချင်းလေးအတွက် ဘယ်လိုဆုတောင်းမျိုး တောင်းရမလဲဆိုတာတောင်မသိတော့ပါဘူး :( ။

သူဟာ ကျနော့်ရဲ့ ထာဝရ သူငယ်ချင်းပါ ။

21 comments:

  1. စိုင်းစိုင်းခမ်းလှိုင်သီချင်းလို
    မျက်ရည်တွေ ဘာတွေဝဲရင်း
    ဟေ့ရောင်..မင်းဟာ ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပါပဲ
    အဲသလိုပေါ့လေ..ဟုတ်စ...ဖတ်ရတာ ခံတွင်းတွေ့တယ်

    ReplyDelete
  2. ပုထုဇဉ်မှန်ရင် ဖြစ်တတ်ပါတယ် ကိုမျိုး။ ကံကောင်းလို့ ဖြစ်မသွားတဲ့သူပဲ ရှိပါတယ်။ ဒါမျိုး မဖြစ်နိုင်တဲ့သူက ဘုရားရဟန္တာနဲ့ သူတော်စင် မဟုတ်ရင် ordinary persons ထဲမှာ မရှိပါဘူး။ သေချာ ကျကျနန ကုသပြီး ပြန်ကောင်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    လောကဓံကြောင့်၊ စိတ်ထိခိုက်စရာ တစ်ခုခုကြောင့်၊ ၊ အရက်ကြောင့်၊ မူးယစ်ဆေးကြောင့်၊ ထိခိုက်ဒဏ်ရာကြောင့်၊ နာတာရှည် နာမကျန်းမှုကြောင့်၊ မိန်းမ ပစ်သွားတာကြောင့်၊ သားသမီး သေတာကြောင့်၊ စီးပွားပျက်တာကြောင့်... စသဖြင့် အများကြီးပါပဲ။ သူတော်စင် ရင့်မာကြီး မဟုတ်သေးရင် လူတိုင်းမှာ ဖြစ်နိုင်တဲ့ possibilities ရှိပါတယ်။ ငါလဲ ဖြစ်နိုင်တယ်လို့ သိပြီး စာနာဖို့ပဲ ရှိပါတယ်။

    နာမည် ထည့်လိုက်တာကတော့ ethics မလုပ်သင့်ဘူးလို့ င်မင်စွာ အကြံပေးပါရစေ ကိုမျိုးရေ။ သူ ပြန်ကျန်းမာလာရင် သူ့ဘဝကို မထိခိုက်စေချင်လို့ပါ။ ဆရာဝန်တွေ ရှေ့နေတွေဆိုလဲ လူနာကိစ္စ၊ အမှုသည်ကိစ္စကို ဖုံးဖိပေးရပါတယ်။

    ReplyDelete
  3. ဆေးဝါးကောင်းတွေ သမားကောင်းတွေနဲ့ တွေ့ပြီး ကိုမျိုးသူငယ်ချင်း မြန်မြန် ကျောင်းပြန်တက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ မင်း ဘာတွေ တွေးမိနေလဲ လှမ်းမေးပြီး ဖုန်းထဲကနေ သူငယ်ချင်းချင်း နာရီဝက်လောက် counseling လုပ်ပေးရင်လဲ ကောင်းမယ် ထင်ပါတယ်။

    ReplyDelete
  4. ၁၀ တန်းကျောင်းသား ဘဝတုန်းက ကျနော်တို့ အပေါ်မှာ အရမ်းကောင်းပြီး မိဘအပေါ်မှာ အလွန်ဆိုးတဲ့ သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ ရှမ်းလေးလို့ သူ့ကို ခေါ်ပေမဲ့ ကိုယ်က မော့ကြည့်ယူရတယ်။ သူ့အိမ်မှာ အလှူလုပ်တဲ့ နေမှာပဲ ဂစ်တာလာငှားတဲ့ လူနဲ့ စကားများပြီး ဟိုတစ်ဘက်က အရက်မူးပြီး ဓါးနဲ့ ထိုးတာ ပွဲချင်းပြီးပဲ။ အဲဒီတုန်းက သူငယ်ချင်း တစ်ယောက်အပေါ်မှာ ခံစားရတဲ့ ခံစားမှု အစစ်ဆိုတာကို စပြီး ခံစားဖူးတယ်။ နောက် .. . . .
    မှန် အတွက် စိတ်မကောင်းပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ ပြန်လည် နေကောင်းလာပါစေ။

    ReplyDelete
  5. မောင်မျိုးရေ....
    ခုတလော ဖတ်မိသမျှ မောင်မျိုး Post လေးတွေက
    အများနဲ့ ပတ်သတ်နေတာလေးတွေ များတယ်။
    ဒါကိုကြည့်ခြင်းအားဖြင့်လည်း သူငယ်ချင်းတွေအပေါ်
    ထားတဲ့ မောင်မျိုးရဲ့ စိတ်ကို မှန်းကြည့်လို့ ရပါတယ်။
    ဆုတောင်း မပေးနဲ့ တော့...ဆုပဲပေးလိုက်ပါ။
    ဖုန်းလေးကိုယ်တိုင်ဆက်လိုက်တာပဲဖြစ်ဖြစ်..
    ဝယ်ပေးချင်တဲ့ အင်္ကျီလေး ဝယ်ပြီးပို့ ပေးလိုက်တာပဲ
    ဖြစ်ဖြစ်..သူ့ မိသားစုအသိုင်းအဝိုင်းဆီ လိုအပ်တာ
    တွေဘာတွေ မြေးမြန်းရင်း ဘယ်လို ကူညီမှုများ
    ပေးနိုင်မလည်း မေးမြန်းရင်း ကိုယ်တိုင်ဆုပေးရင်
    ပိုကောင်းမလား။ :)
    ..သေချာပါတယ်..သူပြန်ကောင်းလာတဲ့ချိန်ပေါ့...
    မျက်မှန် လေး ဆိုပြီးရေးထားတဲ့ ဒီ Post လေး
    တွေ့ ခဲ့ရင် သူကျေနပ်နေပါလိမ့်မယ်။ :)
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  6. ဦးနှောက်အာရုံကြောမှာ ဖေါက်လွဲဖေါက်ပြန်ဖြစ်တတ်ပါတယ်၊ မျိုးရိုးမှာရှိရင် ၇၅%လောက် ဖြစ်နိုင်ချေရှိပါတယ်၊ မိဘတွေက အမှန်အတိုင်းရှုမြင်ပြီး (တချို့က ကိုယ့်သားသမီးကို ရူးတယ်ဆိုတာ လက်မခံတတ်ဘူး)။ ဆေးကုပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့

    ReplyDelete
  7. မောင်မျိုးရေ ..

    စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးကိုစိတ်နဲ့ ပဲပြန်ဆေးကြောရတယ်လို့ ကြားဖူးတယ်ဗျာ ..
    မောင်မျိုးရဲ့ သူငယ်ချင်းတစ်ယောက် ပြန်ကောင်းလာပါစေဗျာ ...

    ReplyDelete
  8. နင့်သယ်ရင်းကိုလဲ နေမြန်မြန်ပြန်ကောင်းပါစေလို့ စိတ်ထဲက ဆုတောင်းပေးမိတယ်.. နင့်ကိုလဲ သမုဒယ တွေလျှော့စေချင်တယ်...

    တွေ့ဆုံကြုံကွဲ ဆိုတာ လောကဓံ ပါးပါးလေးပါဟာ


    နှလုံးသွင်းမှန်ရင်.. အေးချမ်းမှာပါ


    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  9. ဒါမျိုးတွေ အထီးကျန်အားငယ်နေတတ်တဲ့သူတွေမှာ အဖြစ်များတယ်။ ပြီးတော့ အပျိုကြီးတွေပေါ့။ စိတ်တည်ငြိမ်အောင် ဆေးလည်းသောက် ၊ ဘာသာရေးဘက်ကိုလည်း လိုက်စားရင် ပျောက်ပါတယ်။
    3D နယ်ပယ်ကလွတ်မသွားဖို့ လူတိုင်းကြိုးစားပြီး နှလုံးသွင်းဖို့တိုက်တွန်းချင်ပါတယ်ဗျာ။

    ReplyDelete
  10. အပေါ်က မောင်မိုးရေးမှ ရှုပ်သွားပြီ။ ကြောင်မျိုးသူငယ်ချင်းက ယောက်ျားစစ်စစ်ကြီးပါ။

    ReplyDelete
  11. ဖိုးခွားNovember 30, 2010 at 7:12 PM

    မောင်မိုး အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆေးကုဖို့ အကြံပေးချင်တယ်။ နာမည်ကို လင့်နှိပ်လိုက်တော့ သူ့စိတ်ရောဂါအကြောင်း ရေးထားတဲ့ ပို့စ်ကို ဖတ်လိုက်ရလို့။ ဖတ်လိုက်ရတာက -

    --ကျနော်က ဘာပဲ စားစား ဗိုက်ထဲမှာ ကြာကြာသိမ်းမထားချင်ဘူး။ စားလိုက်တဲ့အစာတွေဟာ ခဏနေရင် အပုပ်တွေဖြစ်ကုန်ပြီ လို့စိတ်ထဲမှာ ထင်နေတယ်။ စားလိုက်တဲ့ အစာပေါင်းစုံဟာ ဗိုက်ထဲမှာ ဘယ်လိုဘယ်ပုံ ပုပ်ပွနေတာကို မြင် ယောင်ပြီး ရွံလာတယ်ဗျ။ အဲဒီတော့ ဗိုက်ထဲမှာ ကြာကြာမသိမ်းထားချင်ဘူး။ စားပြီး နာရီဝက်၊ တနာရီဆိုရင် အိမ်သာကိုပြေးတော့တာပဲ။ သွားတိုင်းလည်း ထွက်တာပဲဗျ။ ဆိုတော့ ကျနော့်ဒုက္ခက အစားအသောက်တခုကို စားလိုက်။ ၁ နာရီလောက်ကြာရင် အိမ်သာပြေးလိုက်။ ညှစ်ထုတ်လိုက်နဲ့ ဟန်ကို ကျနေတာပဲ။ ပြီးတော့ စိတ် ထဲမှာလည်း ငါတော်တော် သန့်တာပဲလို့ ထင်တလုံးရောက်နေတာပေါ့။ ကျနော်က အနည်းဆုံး တနေ့ကို ၆ ခါ လောက်တော့ အိမ်သာတက်တယ်။ --

    စိတ်ဝေဒနာသည်တွေက တခြားလူတွေကို ပြန်စွပ်စွဲတတ်တာလဲ သူတို့သဘာဝပဲ။ ဒီလို ပြန်စွပ်စွဲတာက သူတို့ normal မဟုတ်ဘူးဆိုတာ ဖုံးဖိခြင်း တစ်မျိုးပဲ။

    ReplyDelete
  12. စိတ်မကောင်း.. ..
    (ဘာမှပြောမထွက်ဘူး)

    ReplyDelete
  13. သူငယ်ချင်းတွေ
    နေမ၀င်ဘူး

    ReplyDelete
  14. မောင်မျိုးရဲ့ သူငယ်ချင်းလေးအကြောင်းကို ကိုဏီစိတ်မကောင်းစွာဖတ်သွားတယ်ဗျာ....။
    သူငယ်ချင်းတွေ.......
    အင်းးးးးး

    ခင်မင်ခြင်းအားဖြင့်.......
    ဏီလင်းညို

    ReplyDelete
  15. ဦးနှောက်ကို scan ရိုက်ကြည့်ပါ။ ရေအိတ် ရှိနေလို့လား၊ အကျိတ် ဖြစ်နေလား။ ဒါဆိုရင် လူက မူးမယ်၊ ခေါင်းလေးမယ်၊ အသံတွေ တကယ်မရှိဘဲ ကြားကြားနေမယ်။
    စိတ်မဆင်းရဲပါနဲ့။ ရေအိတ်တို့ ဘရိန်းကျူမာတို့က ရန်ကုန်ဆေးရုံကြီးမှာ ခွဲလို့ ရပါပြီ။

    ဒီဝေဒနာက လူတိုင်း ဖြစ်နိုင်တဲ့ကိစ္စပါ။ ခန္ဓာကိုယ်မှာ အကျိတ်ဖြစ်တာချင်း အတူတူ တစ်ချို့က ကံဆိုးပြီး ကင်ဆာဖြစ်သွားတယ်။ တစ်ချို့က ကံဆိုးပြီး ဦးနှောက်မှာမှ သွားဖြစ်တော့ တွေးခေါ်စဉ်းစားမှုတွေ ထိခိုက်ကုန်တယ်။ စာနာဖေးမဖို့သာ ရှိပါတယ်။ ကိုယ်ပြန်ဝဋ်လိုက်အောင်တော့ မလှောင် မသရော် မချိုးနှိမ်မိပါစေနဲ့။ အဲဒီလို သရော်မိတဲ့လူတွေ အသက်ကြီးရင် dementia တို့ Alzheimer တို့ဖြစ်ပြီး သူငယ်ပြန်တာတို့၊ လေဖြတ်ပြီး ဦးနှောက်ချွတ်ယွင်းတာတို့ ဖြစ်တတ်လို့ပါ။

    ကိုမျိုးသူငယ်ချင်းရောဂါက ရေအိတ် မဟုတ်ရင် နောက်ထပ်လဲ ဖြစ်နိုင်ခြေတွေ ရှိပါသေးတယ်။

    မျိုးရိုးလိုက်တတ်တဲ့ စိတ်ဝေဒနာတစ်ခု ရှိတယ်။ ရောဂါအမည် မပြောတော့ဘူး။ ဒီဝေဒနာက မိန်းကလေး အသက် ၂၀ မပြည့်ခင် ယောက်ျားလေး အသက် ၂၅ မပြည့်ခင် စခံစားရတယ်။ နိုဘယ်ဆုရ သင်္ချာပါရဂူကြီးတစ်ယောက်ကိုယ်တိုင် ခံစားရဖူးတယ်။ ကုသလို့ ရပါတယ်။ တော်တော်များများက သူတို့အပြစ်မဟုတ်ဘဲ မျိုးဗီဇကြောင့် ဖြစ်ရတဲ့ ဝဋ်နာကံနာပါ။

    အကျိတ်တို့ ရေအိတ်တို့ ဖြစ်နေလို့ဆိုရင်တော့ ခွဲပါ။ လောကဓံကြောင့် (စာမေးပွဲကျလို့၊ ရည်းစားတဲ့ ကွဲလို့) ဆိုရင်တော့ တရားလဲထိုင်ခိုင်း၊ ဆရာဝန်နဲ့လဲပြပါ။ ဗိုက်တာမင် အေ ဘီ စီဒီအီး အာဟာရပြည့်မယ့် အစားတွေလဲ စားခိုင်းပါ။

    ReplyDelete
  16. စာရှည်သွားတာ တောင်းပန်ပါတယ်။ ကုသလို့ ရနိုင်တဲ့ ဝေဒနာတွေဟာ ကျကျနန မကုသလို့ မဖြစ်သင့်တာတွေ ဖြစ်ရတာ မြင်ရလွန်းလို့ပါ။ အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ။

    ReplyDelete
  17. မေပယ်.....အစ်ကိုနဲ့ သူက တကယ့်သူငယ်ချင်းတွေ ညီ အဲ့တာကြောင့် ခံစားရတာ ။

    အမည်မဲ့ ...ကျေးဇူးပါဗျာ ကော့မန့်ရှည်ကြီးကြောင့် ။ နာမည်ကတော့ မျက်မှန်ဆိုတာ ကျောင်းက သူငယ်ချင်းတိုင်းသိပ်မသိကြပါဘူး ပြီးတော့ ကျောင်းမှာ မျက်မှန်တွေအများကြီးပါ ကျနော်တို့ တက်ခဲ့တဲ့ ခုနှစ်လည်းရေးမထားဘူးး ဒီနာမည်လေးကို သုံးတာက ကျနော် ပေးထားတဲ့ ကျနော်ချစ်တဲ့ သူငယ်ချင်းအတွက် နာမည်လေးမို့ပါ ။ ကျနော်ဖုန်းဆက်သွယ်လို့ရဖို့ကြိုးစားနေပါတယ် ဆုတောင်းအတွက် ထပ်ဆင့်ကျေးဇူးပါဗျာ ။

    ကိုဇော်....အဲ့လိုဖြစ်သွားတာလား စိတ်မကောင်းစရာ သူငယ်ချင်းစစ်ဆိုတာ အပေးယူမျှမျှ နဲ့ သွေးမတော်သားမစပ်တဲ့ ညီအစ်ကိုတွေပေါ့ဗျာ ။

    မခင်မာလာ ....ဟုတ်တယ် ကျနော်က အဲ့လိုပဲ သံယောဇဉ်ကြီးတယ် ပြီးတော့ ကိုယ့်ချစ်တဲ့သူတွေကို ဂရုစိုက်ရတာကိုလည်း ပျော်တယ် ကျေးဇူးဗျ မျက်မှန် နေပြန်ကောင်းတဲ့ အခါကျ ဒီပို့စ်လေး ပရင့်ထုတ်ပြီး ပြရမယ် သူ ရယ်နေမှာ အရင်ကြေ့ပာဖူးတယ် မင်းအကြောင်း ငါ ဘလော့ရေးနေတယ်ဆိုတော့ “ ဘာမကောင်းကြောင်းတွေ ရေးထားတာလဲ ” တဲ့ ကျနော့်သူငယ်ချင်းက အဲ့လိုး) ။

    ကိုကြီးကျောက်....သူ့မိဘင်္တွေလည်း တစ်ဦးတည်းသော သားလေးဆိုတော့ ကုနေကြမှာပါ ကျနော်လည်း ဘာကြောင့်ဆိုတာတော့ သိပ်မသိသေးဘူး စုံစမ်းနေတုန်း ။

    ကိုအုပ်ကြီးး.... သူပြန်ကောင်းလာမှာပါလို့ ကျနော်လည်း ယုံကြည်တယ် အစ်ကို ။

    မိုးယံ....မလျှော့ဘူးး) သမုဒယ ဆိုတာ ရစ်ပတ်ချင်တိုင်း ရစ်ပတ်လို့၇တာမဟုတ် ငါလည်း လူသားထဲက လူတစ်ယောက်ဆိုတော့ သံယောဇဉ်ဆိုတာကို ဖြတ်ဖို့မကြိုးစားပါ လူပီသအောင်လို့ ဟိဟိ မင်းပဲဖြတ် ။

    ကိုမိုး....း) ဟုတ်ကဲ့ဗျ သူက အပျိုကြီးတော့မဟုတ် .

    ကိုဂဲကြီး နဲ့ ဖိုးခွာ .. ဟုတ်ကဲ့ဗျ ။

    မီ...အေးဟာ ငါလည်း တူတူပဲ ခုထိ ။

    ဘရာဗို...ကဗျာဆရာလေးကတော့ လုပ်ပြီး

    ကိုဏီ... အစ်ကိုက သက်ပြင်းချသွားတယ်ပေါ့း) ခေါင်းဖြူမယ်နော် ။

    သူရ... အကြံညဏ်ကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ ကျနော် ဒီစာလေး သိမ်းထားပါ့မယ် ။

    ReplyDelete
  18. ဒါလေးဖတ်ပြီးတော့ အချစ်ဆုံးသူငယ်ချင်းလေးကြူ့ကိုတောင် လွမ်းသွားတယ်။း)

    ရတနာ

    ReplyDelete
  19. ငါဆိုပိုက်၂ ချောင်းနဲ့လုသောက်ရင် မသောက်ဘဲမှုတ်ထုတ်တယ် :P

    ReplyDelete
  20. သူငယ်ချင်းကို တော်တော်ချစ်ပြီးသံယောဇဉ်ကြီးတဲ့ ကိုမျိုးပို့စ်လေးကို ဖတ်သွားပါတယ်။
    အစစအရာရာ အဆင်ပြေပါစေလို့....။

    ခင်တဲ့

    ReplyDelete