Saturday, October 2, 2010

ယမကာ

ယမကာ အငယ်လေးထဲက နားထဲ စွာနေတဲ့ အသုံးပေါ့ အဲ့ယမကာကို မှီဝဲပြီးရင် စကားအရမ်းနည်းတဲ့ အဘက ဖောင်ဖောင် ဖေါက်သလို စကားတွေ များလာတတ်တယ် ။ ပြီးတော့ ထမင်းစားကောင်း နောက်တစ်ခါကျ စီးပွားရေးအဆင်မပြေလို့ နောက်ထပ်တစ်ခါကျ ဧည့်သည်တွေလာလို့ ဧည့်ခံရတာနဲ့ ဒါကတော့ လူမှန်းသိတတ်ခါစ ကျနော့်ရဲ့ ယမကာပေါ်အမြင် အဲ့အခါးရည်ကြီးတွေ မြိုချလိုက်ရင် မျက်နှာကြီးတွေ ရှုံ့မဲ့နေပြီး ဘာများကောင်းလို့ သောက်နေကြတာလဲမသိ ။ အဖဇာတိသားမှာရှိ ကိုကြီးက တစ်ခါ အမွေဆက်ခံတာပေါ့ ပြီးတော့ သူအလိုမကျရင် ရွာက အိမ်ရှေ့လမ်းမကိုထွက် အမေ့ကိုရစ်ပုံကတော့ “ ဘာဖြစ်လဲဗျာ ကျနော်မူးတော့ ဘာဖြစ်လဲ ကျနော်က ဘယ်သူ့သားတုန်း **** + ***** သားလေ မိုက်တဲ့ကောင်ထွက်ခဲ့ ” တဲ့ အဲ့တုန်းက ခလေးစိတ်နဲ့ စိတ်ထဲက ကိုကြီးရူးသွားတာလားမသိလို့ ဖြစ်မိတယ် ။

ကိုငယ်ကတော့ အရက်လေး မူးတူးတူးနဲ့ ပျားအုံကိုတင်နင်းမိလို့ မိန်းမရသွားတာတဲ့ ပြောတာပဲ သူလိုချင်နေတာဖြစ်မှာပေါ့လို့ စိတ်ဆိုးဆိုးနဲ့တွေးလိုက်မိတယ် စီးပွားရေးအဆင်မပြေတဲ့မိသားစုမှာ သားယောကျာ်းလေးမရှိတော့ အားပြတ်သွားတဲ့ ခြံသမားမိသားစုမှာ ဗီလိန်ဖြစ်သွားရတာကတော့ ကိုငယ် ပါ ။ အဲ့ဒီယမကာ ကျနော့်အစာအိမ်ထဲ ပထမဆုံးအကြိမ်ဝင်တာက ၇ နှစ်သားလောက်မှာ အဘရဲ့ ကရင်ရိုးရာနတ်စားရင်မိသာစုဝင်တွေအားလုံး ချစ်ခင်မှုရှိအောင်ဆိုပြီး သောက်ကြရတာ အဲ့တုန်းကတော့ တစ်ငုံလေးသောက်ပြီးတာနဲ့ အမေ့ပေါင်ပေါ် အိမ်ပျော်သွားတော့တာပဲ ။ ၁၀တန်းကျောင်းသားတုန်းက စာသောက်ဆိုင်တည်ထားတဲ့ အစ်မအိမ်မှာနေတဲ့ကျနော် စူးစမ်းလေ့လာချင်တာနဲ့ ဘီအီးတစ်ခွက်ကို မီးဖိုချောင်ထဲ အသာလေးခိုးလာပြီး မော့မယ်ကြံတော့ လျှင်လိုက်တဲ့ ကျနော့်အစ်မ နာရွက်ကို ဆွဲပြီး ခေါင်းကို ကုလားတက်တုံးခေါက်တာ ကျနော်လိမ်တဲ့ လိမ်နည်းက မီးဖိုစောင့်နတ်မြှောက်တာပေါ့း) ။

ကျောင်းတက် အဆောင်မှာနေတဲ့ စာမေးပွဲမှာ မိုင်ခရိုမိသွားတဲ့ သူငယ်ချင်းကျောင်းထုတ်ခံရလို့ ၀မ်းနည်းခြင်းအထိမ်းမှတ်နဲ့ သောက်တဲ့နေ့က သူငယ်ချင်းတွေ အခန်းထဲတွဲပို့ရတဲ့တော့တာပဲ နောက်မနက်ကျ အဆောင်မှူးက မင်းကို အေးတဲ့အဆောင်သားစာရင်းထဲထည့်ထားတာ မင်းလည်း ကြောင်ချီးပဲတဲ့ ။ ယမကာတွေပေါတဲ့ ဒီကိုရောက်တော့ သူသူငါငါ သောက်စားကြတာက ဘာအတားဆီးမှမရှိသလို လွတ်လပ်စွာ စီးမျောခွင့်ရတယ် ရုံးကသူတွေအားလုံး တစ်လတစ်ခါ အပြင်ထွက် သောက်ကြစားကြရင် ကိုယ်လည်း ထိုင်းမလေးတွေနဲ့ အပြိုင်သောက်မိတော့ ရီဝေေ၀ရဲ့ ညခင်းတွေဖြစ်ကော ကိုယ်ကတော့ ရှုံးမြဲ ရှုံးလျှက်ပါပဲ ။အစရှိတော့ စိတ်ကလေးက နည်းနည်းလေး နောက်လာတာနဲ့ ဒါကိုပဲ ပြေးပြေးမြင်ယောင်မိတော့တယ် သားလိမ်မာလေးလို့ သတ်မှတ်ထားတဲ့ အမေကတော့ ဒီပုံကိုမြင်ရင်တော့ ရင်ကျိုးတော့မှာ ။

တကယ်တော့ ချစ်ရတဲ့ အဘနဲ့ အစ်ကိုတွေက ကိုယ့်ကို သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေနဲ့ အများကြီးဆုံးမခဲ့တာပါပဲ အစ်ကို့ကြောင့် အမေအရှက်ရလို့ ဒီအရည်ကို မသောက်တော့ဘူးလို့ဆုံးဖြတ်လိုက်တိုင်း သောက်ချင်ပေမယ့် မသောက်ဖြစ်တော့ပါဘူး ။ပြီးခဲ့တဲ့တစ်ပါတ်က အရက်ပြင်းပြင်းကို မသောက်ချင်ပေမယ့် အတင်းတိုက်လို့သောက်လိုက်ရတော့ ပြန်လာပြီး မရှုနိုင်မကယ်နိုင်ဖြစ်ရတဲ့ ကိုယ်လိုက်သွားမိတာ အပြစ်ရှိသလို ကျောနဲ့ရင်ကပ်နေတဲ့ ကိုယ့်အဖြစ်က ရင်ဘတ်ကြီးအောင့်တော့ အသက်ရှူလို့ပဲမရတော့သလိုလို အရက်နာကျတာ ဒါပဲဖြစ်ရမယ် ရုံးက အစ်မကိုပြောပြတော့ သွား နည်းတောင် နည်းသေးတယ် မသောက်ပါနဲ့ ပြောတာကိုတဲ့ ကြင်နာလိုက်ကြပုံများ အရက်သမားကို ဘယ်သူမှကြည့်မရဘူးထင်ပါ့ ။ သောက်လေ သောက်လေ ငတ်မပြေ ဆိုရင်တောင် မသောက်ချင်တော့ဘူး ငယ်ငယ်လေးနဲ့ သေချင်လားလို့ မေးတဲ့ အခါတိုင်း ခေါင်းခါရင်တော့ မသောက်တာပဲကောင်းပါတယ် နော့်း)

ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်မှာ မှတ်ချက်ပေးသွားတဲ့ ဘကြီးရဲ့တူလေး အတွက်ပါ ကျေနပ်နိုင်ပါစေ ။




( ဒီပုံထဲက ဘီယာကတော့ တော်တော်ကိုသောက်လို့ကောင်းတယ် )

18 comments:

  1. ဘာသူငယ်ချင်းလဲ ။ ဒီလောက်ကောင်းတဲ့ ဘီယာ ရှိတာတောင် ငါ့မခေါ်ဝူး
    ဟွန့်

    ReplyDelete
  2. တို့လဲ တိုက်မယ် ချန်မထားနဲ့..
    အား..မှာကုန်ပြီ..
    တော်ကြာ ခေးခေးတိရင် ဆူလိမ့်မယ်
    ကြောက်ရယ်:P

    ReplyDelete
  3. ယမကာ ဆိုတာ မသောက်ရင် ကောင်း သတဲ့။ အဲ သောက်ရင်တော့ ပိုပြီး ကောင်း သတဲ့ဗျ။းဝ)

    ReplyDelete
  4. ယစ်ရွှေရည် ပါတဲ့ကွယ်....

    ReplyDelete
  5. သဘောပါလေ...

    ReplyDelete
  6. အော်..မောင်မျိုး...ဒွတ်ခတွေ့ချင်လို့လားကွယ်..
    ဒွတ်ခနဲ့ဝေးဝေးနေပါကွယ်...
    ဒွတ်ခ=ယမကာ

    ReplyDelete
  7. ဒီမှာတော့ စပျစ်စိုက်တဲ့ဒေသတွေမှာ ကလေးတွေက အစ, ဝိုင် တစ်ငုံတော့ဖြစ်ဖြစ် တောင်းသောက်တတ် ကြတယ်၊

    မြန်မာပြည်မှာ ထမင်းစားရင်း ရေနွေးကြမ်းသောက် သလို ဒီမှာတော့ ဝိုင်သောက်ကြတာပဲ၊ တချို့ဝိုင်တွေက လည်း ရေနွေးကြမ်းထက်ကို ဈေးသက်သာနေ တော့လည်း .... အင်း ... :)

    ReplyDelete
  8. ကောင်းတော့ကောင်းတယ်..မျက်စိစပ်တယ်..

    ReplyDelete
  9. သေရည်သေရက်လို့ ခေါ်တာ အပျော်ခေါ်ဝေါ်ကြတာ မဟုတ်ဘူးလို့ပဲ အကို ဆိုပါရစေ ညီမျိုးရေ ... ။

    ခင်မင်လေးစားစွာဖြင့်
    အကို အိပ်မက်ရှင်

    ReplyDelete
  10. ဟဲဟဲ...
    ဘာမှ မပြောတေ့ဘူးနော်

    ReplyDelete
  11. နောက်ဆုံးရောက်မှ ဖောက်တာ ထုံးစံကြီးကိုဖြစ်လို့..
    နောက်ဆိုမှတ်ထား.. လိုက်သွားရင် အနစ်နာခံပြီး အမြည်းများများစား.. သူများသောက်ပစေ..

    (အဲ.. ငါဆရာလုပ်မိသွားပြန်ပီ..)

    ReplyDelete
  12. ဘီယာသောက်တာ မကောင်းဘူး ပြောပြီး အောက်ဆုံးကျ ဘီယာကြော်ငြာ ၀င်သွားတာပါလား
    တစ်ဘူးလောက်
    စမ်းကြည့်ချင်လို့း)

    ReplyDelete
  13. မင်းလူရဲ့ ယမကာလုလင်ကိုတောင် သတိရမိတယ်။
    ဘီအီးရဲ့ အရသာ ဘီယာရဲ့ကောင်းခြင်း ဆိုပြီးရေးထားတာ သောက်ချင်စရာပဲ။
    မောင်မျိုးလဲ သောက်လေသောက်လေ လုပ်နေတာလား။
    အဆောင်မှူးပေးတဲ့ နာမည်အတိုင်း ဖြစ်နေအုံးမယ်နော်။

    ReplyDelete
  14. leo မကြိုက်ဘူး... singha တို့ cheers တို့ပဲ
    ကြိုက်တယ်။း)

    ReplyDelete
  15. အကြိုက်ချင်းတူတော့ အတူတူသောက်ချင်သဗျာ

    ReplyDelete
  16. ပြိုင်သောက်မယ်မလားကွ.. :D

    ReplyDelete
  17. Home Page v9l43w7x43 replica ysl bags replica bags turkey replica bags london news d6f57v4u51 replica bags reddit replica bags seoul hermes replica z4n78f0j29 replica evening bags

    ReplyDelete