Friday, October 29, 2010

မှားပြန်ပေါ့ အမေ

ဒီတစ်ခါလည်း သားမှားပြန်ပေါ့ အမေ
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ လွဲမှားခြင်းတွေနဲ့
အမှားတွေကို ပြင်ဆင်ရင် အမှားအသစ်တွေက ကြိုဆိုလို့
တစ်ချို့က တွန်းတယ် တစ်ချို့က လက်ကမ်းတယ်
နေရာသစ်မှာ အခြေကျဖို့အရေး ရုန်းကန်လှုပ်ရှားရတာ ကြမ်းတမ်းလွန်းတော့
နေရာဟောင်းက အိပ်ခန်းအိုအို နဲ့ မီးရောင်မှိန်မှန်လေးကို လွမ်းတယ်
ခြောက်လွှာ အထပ်ခိုးကနေ
ဆေးလိပ် ကွမ်းယာရောင်းတဲ့
ချိုပေါ့တစ်ခွက်ကို လေးဖြူးရဲ့ အလင်းရောင်သီချင်းကို အေးအေးလူလူ နားဆင်လို့ရတဲ့ နယ်စပ်မြို့လေးကို လွမ်းတယ်
အပြောင်းလဲကိုကြောက်လို့ ငြိမ်ငြိမ်လေးထိုင်မယ်စိတ်ကူးခါမှ
ဘ၀က လှုပ်ရှားမှုတွေစလို့
ခွင့်လွှတ်မှန် သိပေမယ့် ထပ်တောင်းပန်းပါတယ် အမေ
ဒီတစ်ခါလည်း သားမှားပြန်ပေါ့
ဒီလတော့ ငွေတစ်သိန်းပို့လိုက်တယ် အမေ
သားလည်း စားပြီးသောက်ပြီး လက်ထဲတော့ နှစ်ထောင်လောက်ကျန်တယ်
သောက်တတ် စားတတ် ထုံပေပေနေတတ်လာတာကလွဲလို့
သားလည်း အရင်တိုင်း ပိန်တုန်းပဲ
အမေ ကော နေကောင်းရဲ့လား
အိမ်က နွားမကြီးကော သားကျပြီလား အမေ
သတင်းတော့ကြားသား အမေ မွေးထားတဲ့ ၀က်မကြီး သားဆယ်ကောင်မွေးလို့ အမေပျော်နေတဲ့အကြောင်း
အမေ နေကောင်းပါစေ ကျန်းမာပါစေလို့ဆုတောင်းရင်း
အမှားတွေ များတဲ့ အမေ့သား
အမေ့ကို မှန်းဆ ကန်တော့ရင်း
အဝေးတစ်နေရာမှာ သားလည်း အမှားတွေ အထပ်ထပ်နဲ့
မှားပြီးရင်း မှားပြန်ပေါ့ အမေ ။

16 comments:

  1. ဝက်ကလေး တစ်ကောင်လောက်ပေးပါ...


    မစဒက

    ReplyDelete
  2. ဘာမှ မလုပ်ပဲ မမှားတာနဲ့ စာရင် တစ်ခုခုလုပ်ပြီးမှားတာကောင်းတာပေါ့...
    မှားသာမှား....
    "မှားတဲ့ အခါလည်း မှားပေမပေါ့ " ကာတွန်းထဲက ဦးရှံစားရဲ့ လက်သုံးစကားလေး..


    မစဒက

    ReplyDelete
  3. အမှားထဲကမှ မှန် တာကိုတွေ့တာလေ..
    အမှားမရှိရင် အမှန်ဆိုတဲ့ စကားလုံးလဲ ရှိမှာ
    မဟုတ်ဘူး..
    ဒီတော့ မှား ပါစေလေ..

    ReplyDelete
  4. အဲဒါ မှားတယ်မခေါ်ဘူးကွ..
    အမှန်တရားတစ်ခုဆီ အတွေ့အကြုံတစ်ခုကို
    ထိုးကျွေးလိုက်တာ..။
    အဲဒါကိုမှ မှားတယ်လို့ ယူဆရင်လဲ
    မှတ်ကျောက်တင်စမ်းသပ်ခံနိုင်တဲ့အမှားပဲ..။
    ဒူးဟေ့...ဆက်ဒူး...

    ReplyDelete
  5. ထွနခါ လဲရင် ချစ်ခါ ထပေါ့ ငပိန်ရင်။ နင့်ရဲ့ ပိန်ရာ နတ္ထိဆေးမရှိဆိုတာ ကြီးကို ခဏခဏ မကြွားနဲ့ပေါ့ အေ။

    အမ(အမေ)ကို လည်း ပြောလိုက် ဦး ညဉ်းအတွက် စိတ်ပူနေရှာရော့မယ် ။

    အမှားဆိုတာ အမှန်ဖြစ်လာဖို့ လမ်းစ ပါပဲအေ။

    ညဉ်းကို ကြပ်ကြပ်မှာချင်တာက အမှားတစ်ခု တည်းကို ထပ်ခါ ထပ်ခါ မကျူးလွန်နဲ့ အေ ၊ ဖြစ်နိုင်ရင် သူများ အမှားကနေ သင်ခဏ်းစာယူ မယ်မျိုး ရေ။

    ရွာသူမ
    မိုးပျံ

    ReplyDelete
  6. မောင်မျိုး ခဏခဏမှားတတ်တယ် ဆိုတာတော့ ယုံပါတယ်။ (စာလုံးပေါင်း) ;)
    နောက်တာပါ ...
    မှားတဲ့သူက မှားတာကို မှားတယ်လို့ မှားမှန်းသိရင် မဆိုးပါဘူး။
    ကိုယ်မှားတာကို မှားမှန်းမသိဘဲ မှန်တယ်လို့ ထင်နေတာက ပိုဆိုးတယ်။
    ပိန်နေတာကတော့ ဘာများမှားလို့လဲ မသိဘူးနော် ... ။

    ဒီတခါ သားမှားတာက အိမ်ကို ငွေတသိန်းပို့တာလား ... အမေက ပြောလိမ့်မယ် သားများများမှားပါလို့ ... :D

    ပျော်ရွှင်ပါစေ မောင်မျိုးရေ ...

    ReplyDelete
  7. အစာများများစားဗျာ ..
    အမှားတွေ နည်းပြီး ကျဲပါစေဗျာ

    ReplyDelete
  8. လူတိုင်းတော့ အမှားနဲ့ကင်းမယ် မထင်ဘူးနော်။
    အမှားများတော့လည်း သင်ခန်းစာများများရတာပေါ့
    ဟုတ်ဘူးလား။
    အမေအတွက် ငွေတစ်သိန်းပို့နိုင်တာဟာ ဘာမှ မပို့တာထက်စာရင် အများကြီးတော်ပါသေးတယ်
    အဲဒီအမှားအတွက်တော့ အမေ ၀မ်းသာရှာပါလိမ့်မယ်..
    ဒီထက်မှားပြီး ဒီထက်များများပို့နိုင်ပါစေး)

    ReplyDelete
  9. သူများတွေ ရှာ တဲ့ ရရှိခြင်းမှာ
    ကျွန်တော်က ဘာမှ မရှိတာကို ရတယ် အမေ

    ReplyDelete
  10. မှန်တဲ့အခါလည်း မှန်မှာပေါ့ဟာ =)

    ReplyDelete
  11. အမှားတွေအများကြီးထဲကမှ အမှန်ကို ယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
    လူတိုင်းက အမှားနဲ့ကင်းတာမှမဟုတ်တာနော်

    ReplyDelete
  12. အမှားဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့
    တံတိုင်းတွေပါ။ တိုက်သာတိုက်ပြစ် မောင်မျိုးရေ။
    နေ့ တိုင်းသာ မှားပါစေအုန်း...အမှားတွေ
    ထပ်မနေဖို့ ပဲ ပိုအရေးကြီးတယ်။
    တစ်သိန်းဆိုတဲ့ ငွေပမာဏဟာ မင်းရဲ့မေမေ အတွက်တော့ နှိုင်းဆလို့ တောင်ရမယ်မထင်ဘူး။
    ဝက် ဆယ်ကောင်ပေါက်တာထက် ပိုပျော်ပါလိမ့်မယ်.
    ကျန်းမာရေးကို ဂရုစိုက်ဝေ့။ ဒါမှ လိုရာပန်းတိုင်
    ကို အရောက်လှမ်းနိုင်မှာ။
    ခင်မင်လေးစားလျှက်....ခင်မာလာအောင်..:)

    ReplyDelete
  13. visit this page Loewe Dolabuy pop over here replica bags china great post to read YSL Dolabuy

    ReplyDelete
  14. article u4h36a3w01 replica gucci bags replica bags south africa replica bags korea replica hermes handbags x1t93x4u30 replica bags online uae replica bags wholesale mumbai look at here o8g22e7y24 replica bags wholesale mumbai

    ReplyDelete