Wednesday, September 15, 2010

လွမ်းပါ့


ငါ့ မှာတော့ လွမ်းလို့ ဆွေးလို့
မင်းကတော့ ဘာမှမဖြစ်သလို
ဖုတ် ဖတ် ခါ ချ သွားလိုက်တာများ
ဖုန်မှုန့် ကလေးကိုတောင် သနားသွားတယ်
ဒီလိုပါပဲ ခုတော့လည်း ဘာမှမဖြစ်သလိုနဲ့
မင်း ငါ့ ကို ခွဲသွားတဲ့နေ့က
နေ များ ပြောပါတယ် ကျစ်ကျစ်တောက်ကို ပူလို့
ကျောပြင်တွေတောင် ကျိမ်းစပ်
နှုတ်ဆက် အကြင်နာပေးခဲ့တဲ့နေ့က
မင်းဆိုး ခဲ့တဲ့ နှုတ်ခမ်းနီလေး သိပ်လှတယ်
အဲ့ ညနေခင်းက ပါးပြင်မှာ စွန်းထင်ခဲ့တဲ့
နှုတ်ခမ်းရာလေးကို ခဏခဏ လွမ်းပါ့............။






6 comments:

  1. အယ်...ကြည့်လုပ်ပြီ..
    ဦးသားလေးလွမ်းနေတယ်ဆိုပါတော့..

    ReplyDelete
  2. မုန်မှုန့်တွေကို မသာနားပါနဲ့။ ကိုယ့်ကိုယ်ကို သနား

    ခုတော့လည်း ဘာမှမဖြစ်သလိုပါပဲလား

    ReplyDelete
  3. ဒါ ..တကယ့်ရင်တွင်းညှစ်လားဟ
    မီတီနားဘူး...:P

    ReplyDelete
  4. ဟေ
    ရင်တွင်းဖြစ်လား .. :D

    ReplyDelete
  5. ဒီကဗျာလေး ယခုမှ တွေ့သည်ပဲ။
    နှုတ်ခမ်းနီဗူးတွေ့လို စိတ်ဝင်တစားနှိပ်လိုက်တာ..
    ကဗျာလေးပါ တွေ့လိုက်သည်း)

    ReplyDelete
  6. ကောင်မလေးက နှုတ်ခမ်းနီသေချာမဆိုးပေးဘဲ ပါးကိုခြစ်သွားတယ်လား :p

    ReplyDelete