Friday, September 3, 2010

တောသားအရိုင်းစိုင်း

ကျနော် တောသား အရိုင်းစိုင်း
ပညာက မတောက်တစ်ခေါက်
လုပ်နေတဲ့ အလုပ်က တောက်တိုမယ်ရ
ပေးတာယူ
ကျွေးတာစား၊ ဆဲတာခံ
ကိုယ့်ကိုယ်ကို သတ်မှတ်တာက ယိုးဒယားက ကျွန်...။


ကျနော် တောသား အရိုင်းစိုင်း
တန်ဖိုးကြီးတဲ့ စာပေကို ခုတုံးလုပ်
လူမှုရေး စီးပွားရေး အချစ်ရေး ပြဿနာတွေကို
ဟော့ဒီ အဖြူရောင် စာမျက်နှာပေါ် ခဏခဏ အန်ချမိတဲ့ အတွက်
ကိုယ့်ကိုယ်ကိုလည်း မုန်းပါ၏...။


ကျနော် တောသား အရိုင်းစိုင်း
တော်လွန်း တတ်လွန်းသော
စာပေသမားကြီးများကို ဖိန့်ဖိန့်တုန်အောင် ကြောက်ပါ၏
ရေစောင်း လေစောင်းထက် ကြောက်စရာကောင်းတဲ့
ကလောင်းသွားထက်တဲ့ နှုတ်ခမ်းထက်က ဓားသွားတွေကြောင့်
အရှိုးရာတွေလည်း အထပ်ထပ်နဲ့ ပါ ....။


ကျနော် တောသား အရိုင်းစိုင်း
အသက်က (၂၄) လူကြီး စာရင်းဝင်ပေမယ့်
ရေးလိုက်တဲ့စာက
(ဟီးဟီး/ဟိဟိ/ဟားဟား) နဲ့  မိန်းမရွှင်တစ်ယောက်လို
ခလေးလိုလို ခွေးလိုလို နဲ့ စုတ်ပြတ်နေတဲ့
အဆိပ်သင့် စာကိုရေး
“ကျားစစ်ပါတယ်နော် ” ဆိုပြီး အမေးခံရလောက်အောင်
ရေးသားမိတဲ့
ကိုယ့်မျက်နှာကိုလည်း ဓားနဲ့  မွှန်းချင်စိတ်ပေါက်ပါ၏....။


ကျနော် တောသား အရိုင်းစိုင်း
ခိုတစ်ကောင်လိုအမြဲငြီး
ခံစားရတာတွေကို မမြိုသိပ်နိုင်ဘဲ
ချချရေးမိတဲ့အတွက်လည်း
အားနာပါ၏...။


ဒီနေရာမှာ
အတ္တ နဲ့  မာနတွေ မရှိသလို...
သုခ တွေ ဒုက္ခတွေလည်းမရှိဘူးးး
အနိုင်ရလိုမှုတွေ နဲ့  ထောက်ထားငဲ့ညှာစရာတွေလည်းမရှိဘူးး


ဒီနေရာမှာ…
အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။


ဒီနေရာမှာ
လူအထင်ကြီးအောင် ဟန်ဆောင်ရေးထားတာတွေမရှိသလို
သနားစေလိုတဲ့ ဆန္ဒနဲ့  ကိုယ့်အကြောင်းကို ရေးခဲ့ဖူးတာတွေမရှိဘူး
ကြွယ်ဝတဲ့ အရေးသားတွေမရှိသလို
လူတက်ကြီးဆန်ဆန် အထက်စီးလေသံနဲ့  ပြောဆိုမှုတွေလည်းမရှိဘူးး...။


ဒီနေရာမှာ
အချစ်တွေ အနမ်းတွေနဲ့  ကာမညတွေမရှိသလို
သူရဲဘောကြောင် ခေါင်းငုံ့ ခံဖို့ စိတ်ကူးတွေလည်းမရှိဘူးး
ဟန်ဆောင်မှုတွေနဲ့  မခင်မင်တက်သလို
အမှန်တရားပါဆိုပြီး စာကြီးပေကြီး ကာရန်ဖွဲ့ မှုတွေလည်းမရှိပါဘူးး...။


ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
တောသားအရိုင်းစိုင်းတစ်ကောင်ပဲရှိပါတယ်....။





ကိုလင်းဒီပ ရဲ့ အကျော်ဆရာ ကဗျာကိုကြိုက်လွန်းလို့ ဖောက်ထုတ်လိုက်တဲ့ တောသားကဗျာလေးပါး)

9 comments:

  1. မိုက်တယ်ကွာ..ကြောင်မျိုး... ရေးထားတာ ကွက်ကွက်ကွင်းကွင်းပဲ...း)))).... (တကယ့်စိတ်ထဲမှာတော့ အဲလိုမတွေးပါနဲ့.... )


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ကျနော် တောသား အရိုင်းစိုင်း
    အသက်က (၂၄) လူကြီး စာရင်းဝင်ပေမယ့်
    ရေးလိုက်တဲ့စာက
    (ဟီးဟီး/ဟိဟိ/ဟားဟား) နဲ့  မိန်းမရွှင်တစ်ယောက်လို
    ခလေးလိုလို ခွေးလိုလို နဲ့ စုတ်ပြတ်နေတဲ့
    အဆိပ်သင့် စာကိုရေး
    “ကျားစစ်ပါတယ်နော် ” ဆိုပြီး အမေးခံရလောက်အောင်
    ရေးသားမိတဲ့
    ကိုယ့်မျက်နှာကိုလည်း ဓားနဲ့  မွှန်းချင်စိတ်ပေါက်ပါ၏....။

    အဲဒီလိုတွေ မတွေးရဖူး စိတ်ရင်းနဲ့ခင်လို့ ပြောတာ

    ReplyDelete
  3. မောင်မျိုးSeptember 3, 2010 at 11:18 AM

    ရှင်းချက်တော့ ထုတ်မှာ နို့မဟုတ် ရှုပ်ကုန်အုံးမယ် တကယ်တော့ ဒီကဗျာက တင်ဖူးတာကြာပါပြီး ခုမှပြန်တွေ့လို့ ကျနော့်ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် မုတ်သုန်လေလို့ ခေါ်တဲ့ တောကျောင်းဆရာက ဆရာကြီး ပီပီ ဂျီတော့ မှာ စကားပြော၇င်း ဟိဟိ လို့ ရယ်လိုက်မိလို့ “ မင်းကလည်း မိန်းမကျနေတာပဲတဲ့ ” အဲ့ပြောစကားကိုမကျေမနပ်ဖြစ်ရင်း ဒေါသရှေ့ထားမှားတဲ့စကားဆိုလိုက်မိတာပါး) တကယ်တော့ ကိုယ်ဘာလဲဆိုတာ ကိုယ်သိတာပဲကို ပြန်ရှင်းပြနေဖို့မလိုပါဘူး

    နေ၀သန် ကျေးဇူးပါး)

    အမည်မဲ့ စိတ်ရင်းနဲ့ ပဲခင်ခင် စိတ်ဖျားနဲ့ပဲခင်ခင် နိုးပလောဗလမ်ပါ ကျနော်က စာပြန်ရေးမယ်လို့ဆုံးဖြတ်ထားတည်းက ဘလော့နဲ့ပက်သက်ပြီး ဘာမှမဖြစ်တော့ဘူးဆိုတာ သေချာမှ ပြန်ရေးဖြစ်တာ စိတ်ထဲဘာမှမရှိပါ ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ တောသားဆိုတော့ နည်းနည်းရျိုင်းတယ် ။

    ReplyDelete
  4. ဖတ်သွားတယ်.. တော(ကြောင်)သားရေ...

    လင်းဒီပ ကဗျာလည်း မနေ့က ဖတ်ပြီးထဲက ကြိုက်မိတယ်။


    မစဒက

    ReplyDelete
  5. ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
    ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
    တောသားအရိုင်းစိုင်းတစ်ကောင်ပဲရှိပါတယ်....။
    အဲဒီပွင့်လင်းမှုနဲ့ ရိုးသားခြင်းတွေကို
    သဘောကျသဗျ..။
    ဒါပေမယ့် နဲနဲပွင့်လွန်းသွားတယ်ထင်တယ်:P

    ReplyDelete
  6. လန့်ပြီ..
    ငါဆို ဟိဟိ လို့ ရယ်ဖူးရဲ့လားမသိဘူး..
    ကောင်မလေးတွေလိုက်လာနေရင် ဒုက္ခပါပဲ
    :D

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ကျနော် တောသား အရိုင်းစိုင်း
    ပညာက မတောက်တစ်ခေါက်
    လုပ်နေတဲ့ အလုပ်က တောက်တိုမယ်ရ
    ပေးတာယူ
    ကျွေးတာစား၊ ဆဲတာခံ
    ကိုယ့်ကိုယ်ကို သတ်မှတ်တာက ယိုးဒယားက ကျွန်...။

    မောင်မျိုးအဲလိုတော့ကိုယ့်ကိုကိုယ်မသတ်မှတ်ပါနဲ့
    လူဆိုတာတန်ရာတန်ဖိုးတခုတော့
    ရှိကြတာကြီးပါဘဲလေ..ကိုယ်ကလုပ်အားပေးလို့
    ငွေရတာပါ..ဒါအပေးအယူပါ...
    နေရာတကာမှတန်ရာတန်ကြေးဆိုတာ
    ဖြတ်ပြီးသားပါ...ဒါကြောင့်ကိုယ်ရနေတာတွေက
    ကိုယ်နဲ့ထိုက်တန်သလောက်ကိုယ်ရနေတာပါ
    စိတ်ဓါတ်ကျဖို့မလိုပါဘူး...
    သူတို့အလကားကျွေးနေတာမဟုတ်ပါဘူး
    စိတ်ဓါတ်ကျမယ်ထင်ရင်အမြင့်ကြီင်္းေ၇ာက်အောင်
    မြှင့်လိုက်ပါမောင်မျိုးရေ..

    ခင်တဲ့အမ...Blackroze

    ReplyDelete
  9. ဒီကဗျာ ဟိုးအရင်က မောင်မျိုးဘလော့မှာ တင်ဖူးသေးလား... အဲတုန်းက ဖတ်ဖူးလိုက်သလိုပဲ.... ရောများနေတာလားတော့ မသိဘူး... အဲတုန်းကလဲ အဲလိုမျိုး အရင်းခံအရေးသားကြောင့် သတိထားလိုက်မိတယ်...

    ReplyDelete