Thursday, July 29, 2010

အချစ်ဟာ မီးလား

သံသရာ ရှည်သလောက်
ဘ၀ ဟာတိုလွန်းတယ်

ဘုရားရှေ့ကသပြေပန်းလေးမညှိုးခင်
လက်တစ်ပစ်စာ ဘ၀လေးထဲမှာ
အချစ် အမုန်း
ခေါင်းနဲ့ ပန်း ဒင်္ဂါးပြားလို
ပန်းသစ်ကို အိုးသစ်ထဲ ရဲရဲစိုက်
အနာဂါတ်ကို လက်တစ်ဆုံး နှိုက်ကြည့်တော့
ခေတ်ကြီးထဲ စီးဆင်းနေတဲ့မြစ်လို
ဒေါင်းတစ်ကောင် ပျားရည်တစ်အိုးနဲ့
ငယ်ငယ်တုန်းက ချစ်ရေစင်
ချောင်းစပ်မှာ ခြေရာထင်ခဲ့။

အခုတော့ ဘကြီးအောင်
ပုံပြင်ထဲကလို
အမုန်းမရှိတဲ့ ကမ္ဘာမှာ
အချစ်ဟာ မီးလား....။

မင်းဆွေနှစ် (မုံရွာ)




P>S = ဟုတ်ပါ့ အချစ်ဟာမီးပဲ ပူတာ လွန်ပါရော :)

3 comments:

  1. အချစ်ဟာ မီးပေါ့ဗျ ... ပူလောင်တာကိုး ...
    ဒါကြောင့် သွားမဆော့နဲ့ဗျို့ ...း)

    ReplyDelete
  2. အချစ်ဆိုတာ ပူလောင်တဲ့မီးတောက်ငယ် တခု..ဘယ်သူ မပြု မိမိမှု ..စဉ်းစားကြည့်ပါခု...း)

    ReplyDelete
  3. မီး တဲ့လား နာမည်လေးက :P

    ReplyDelete