Tuesday, July 13, 2010

မောင်လွဲ

လွဲတာကတော့ ပြောမနေနဲ့  သီချင်းထဲကလို လွဲလွဲလေးလည်း ကောင်းပါတယ် ကောင်းကောင်းလေးပဲ လွဲပါကွယ် ဆိုရင်တော်သေးတာပေါ့ အခုတော့ ရည်းစားလွဲ အလုပ်မှာလွဲ တရားခွေ ပြဿနာ လွဲ ၊ လွဲတာတွေကတော့ ပြောရင်ကုန်မှာကိုမဟုတ်တော့ဘူးး ဒီတစ်ခါအလွဲကဗျာ ပြောကိုမပြောချင်တော့ဘူး( ပြောချင်လွန်းလို့ အိုင်တင်ခံတာ အဟမ်း အဟမ်း :P ) လွဲတာကိုမပြောခင်လေး ကျနော် ရဲ့ ဆန်းဒေး ပိတ်၇က်လေးကို အရင်အစီရင် ခံမှာဇတ်လမ်းကရေလည်မယ်ထင်တယ် ။


ပိတ်ရက်မတိုင်ခင် စနေနေ့ ညဆိုရင် ဘလော့တွေအများကြီးလိုက်လည် ပြီးရင် တီဗွီကြည့် အိပ်ယာဝင်လို့ နာရီကိုကြည့်လိုက်ရင် အချိန်က မနက် ၁ နာရီကျော်နေပြီး ပေါက်ဆိန် ၃ ချက်ပေါက်( အဲ့လောက် ဘာသာတရား ကိုင်းရှိုင်းတာ) မနက်စောစော ထစရာမလိုတော့ စိတ်ကြိုက်ပေါ့ အေးဆေးပဲ မနက်အိပ်ယာထရင် ၁၁ ကျော်နေပြီး ဗိုက်ဆာလိုက်တာ ရေတစ်ခွက်သောက် သွားမတိုက်ဘူး ဟီးး ရေခတွေကုန်မှာစိုးလို့  နောက်တော့ ဘယ်တော့မှ မရိုးတဲ့ ဂေါ်ဘီနဲ့  ၀က်သားကြော်ကိုစား နေ့ လည် ကိုးရီးယားကားကြည့် တစ်ခါ သီချင်းလေး နားထောင်လိုက် စာအုပ်လေးဖက်လိုက် ရေ လုံးဝမချိုဘူး ကိုယ်သင်းရနံ့ ကတော့ မွှေးကြိုင်နေတာပဲ မနက်က မသိမ်းခဲ့တဲ့ အိပ်ယာထဲပြန်ဝင် တစ်ခါ ပြန်အိပ်နဲ့  နာဂါးမင်း စည်းစိမ်း ခံစာနေတာပေါ့ဗျာ ။

စပါပြီး အလွဲ စောနကလေးတင်ပဲ တစ်နေ့ လုံးရေမချိုးထားရတော့ တစ်ကိုယ်လုံးညောင်းချိနေတာပဲ ရေချိုးခန်းကို အကြာကြီးဝင်ပစ်လိုက်တယ် သူများတွေ အားလုံးချိုးပြီးတဲ့ အချိန်မှ ချိုးတာဆိုတော့ ည ၁၀ နာရီထိုးနေပြီး ကိုယ်တော်ချော က အေးအေးဆေးဆေး ရေချိုးခန်းထဲမှာ ပုပ်ဆော်နံနေတဲ့ ကိုယ်ကြီးကို သန့် စင်နေတာ နာရီဝက်ကြာတယ် ချိုးပြီးတော့ တံခါးကိုလည်းဖွင့်ကော မရတော့ ဘူးး ကျနော် ရေချိုးခန်းတံခါးကို ပိတ်လိုက်တာ အရှိန်နဲ့  တံခါးက လော့ ကျသွားတယ် အောင်မငီး တေပါပြီးဗျာ အားလုံးအိပ်နေကြတဲ့ အချိန် ရေချိုးခန်းထဲမှာ ဘီလိုလုပ်မတုန်း ကိုယ့်ပါသာလည်း ကြိုးစားပြီးဖွင့်နေတာပဲ မရး( ဒုက္ခပါပဲနော်။

အောက်မှာ ထမင်းစားတဲ့ သူတွေ တီဗွီကြည့်နေတဲ့ သူတွေ အသံကြားရတော့ ရေကန်ဘောင်ပေါ်တက် အစ်မတစ်ယောက်ကိုအော်ခေါ် ဟူးး မောလိုက်တာနော် ခေါ်လိုက်ရတဲ့ “ အဖိ ” ဖိလွန်းလို့  အရည်ပါ တောက်တောက်ကျနေပြီး အခွန်း ၅၀ လောက်ကျမှပဲ ကြားတော့တယ် ။လူကလည်း ချမ်းနေပြီး စိတ်ကလည်းတို ဒီလောက်တောင်လွဲနေတာ သူတို့  လာဖွင့်တော့လည်း မရ ခြံထဲက ဦးလေးကြီး တံခါးဂျက်ကို ထုမှပဲ ပွင့်တော့တယ်ဗျာ တံခါးဖွင့်နေတာ တစ်နာရီနီးပါကြာတယ် ချွေးပါပြန်သွားတယ် စိတ်ကို ညစ်သွားတာပဲဗျာ ဟားဟား ရေချိုးခန်းထဲမှာ ဘယ်လို တွေးနေလည်းသိလား “ ငါဘာပို့ စ်တင်ရမှန်းမသိဘူးဖြစ်နေတာ ဒီအကြောင်းတင်လိုက်မယ် ” ဆိုပြီးတွေးနေတာ ကံကောင်းလို့ ပေါ့ မဟုတ်ရင် ရေချိုးခန်းထဲမှာ ဒီညတော့ ကြွက်စုတ်ဖြစ်ပြီး ။ ကြည့်လည်း လွဲပေါ့ ကောင်လေးရယ် ဒီပုံတိုင်း နင် ဆက်လွဲနေရင်တော့ မကြာတော့ဘူးး ရှောမှာပဲ :) ။

9 comments:

  1. ဖြစ်မှ ဖြစ်ရလေကွယ်... အဟီးဟီး...း))

    ဘလော့ဂ်ဂါကတော့ ဘာပီသသလဲ မမေးနဲ့...
    ကြွက်စုတ်ဖြစ်တာတောင် ဘလော့ဂ်မှာပဲ... ဘလော့ဂ်မှာပဲ... ဆိုတဲ့ အထဲက...

    ReplyDelete
  2. အလုပ်မရှိ ကြောင်ရေချိုးတာ.. ခုတော့ ရေမွန်းပြီ မဟုတ်လား....

    အသွင်တူတဲ့အချက်နဲ့ မတူတဲ့အချက် ကြောင်ကလေးကို တဂ်ချင်ပါတယ်။ အပန်းမကြီးရင် ဖဘမှာရော ဘလော့ဂ်မှာပါ ရေးပေးပါ ။
    အပန်းကြီးရင်တော့..အဲလေ... ရေးစရာ ကောင်မလေးတစ်ကောင်လောက်တောင် မူးလို့ ရှူစရာမရှိရှာသူဆိုရင်တော့ လည်း ရပါတယ်။
    (အလကားပြောတာ ..နင်စွံတာ နာသီပြီးသား..ရေးပေး)

    ReplyDelete
  3. အင်း.. တော်သေးလို့ ဆေးရုံမရောက်တာ.... :P


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. ဒါကြီး အရင်ကဖတ်ဖူးသလိုဘဲ..ဆားမချက်နဲ့နော်

    ReplyDelete
  5. မသက်ဝေ.. ဘလော့ဂါမျိုးဟေ့ ဒို့ဗမာ အရေးတော်ပုံအောင်ရမည်း) ( ဘာမှလည်းမဆိုင်ဘူးနော့် )

    မစန်ဒါကြီး...ရေးမယ် ခဏစောင့်နော့် ၃ မိနစ် ဟဲဟဲ

    နေ၀သန်...ဟုတ်ကဲ့ တော်သေးလို့ပေါ့

    ညီဖြိုး...ဟဟား ဘယ်လိုသိသွားတာလဲ အဲ့လိုပဲ တစ်ခါခါရေးဖို့ ဘာမှမရှိရင် ဟိုအရင်ရေးဖူးတာတွေ ပြန်ပြန် တင်မိတယ် ရှူးတိုးတိုး ဆားတော့ ချက်ခွင့်ပြုပါဗျာ ။

    ReplyDelete
  6. အခုလိုမျိုးလွဲတဲ့..ဒွတ်ခတွေမှကင်းဝေးပါစေကွယ်..

    ReplyDelete
  7. you could check here best replica bags online Read Full Article gucci replica look at this now best replica designer

    ReplyDelete