Sunday, June 20, 2010

ချိနေတယ်

ချိနေတယ်
တက်ကြွနေတဲ့ လူတစ်ယောက်ကနေ တုံးအောက်ကဖားလို
ချိနေတယ်
နှလုံးသားက ငါးပြင်မ ဆားထိသလို ခုန်ဆွခုန်ဆွ
ချိနေတယ်
ဘတ်ဈေးတွေမကောင်းလို့ အလုပ်လုပ်ချင်စိတ်တွေ
ချိနေတယ်
ဂေါ်ဘီ ပဲသီး ခရမ်းသီး အသက်မပါတော့ ...... ဟာတိဟာတာဖြစ်နေတဲ့ လျှာက
ချိနေတယ်
အားလုံးနဲ့ ၀လကလ ဖြစ်ချင်ပေမယ့် ရှောင်လွဲမရလောကကြီးမှာ
ချိနေတယ်
မနက် အိပ်ယာထတဲ့ အချိန်ကစ မျက်လုံးပိတ်တဲ့အထိ
ချိနေလွန်းလို့ နာမည်သာပြောင်းလိုက်ချင်မိ
ကျနော့် နာမည်
မောင်ချိ




ခက်ဆစ် ။ ။ ၀လကလ = ဝေးလေ ကောင်းလေ

9 comments:

  1. ညောင်ချိရေ...
    အားတင်းထား...
    ငါးပြေမစားချင်တာဟာ....

    ReplyDelete
  2. အရေးကြီးတာက important ဘဲ။

    ReplyDelete
  3. မစန်ဒါကြီးး.....ငါးပြင်မ အစိမ်း ပါစပ်ထဲဝင်ရင် ဘာဖြစ်တတ်လဲ သိလား ဟိဟိ နောက်တာနော် လူကြီးကို....။

    ဒေါ်ခင်ဦးမေ အဲ့တာ ကျနော် အထက်တန်းတုန်းက သင်ဖူးသား အိုင်အမ်ပီအိုအာတီအေအင်းတီ အင်ပေါတင့် အရေးကြီး တယ်ဆိုတား) ကြီးဒေါ်ကတော့ ပညာရှိနည်းနဲ့ ကော့မန့်ပေးတတ်တယ် လေးစားပါ့ ဟဲဟဲ ။

    ReplyDelete
  4. ဘောလုံးပွဲတွေ ကြည့်ကြည့်ပြီး မျက်လုံး ချိနေတယ်
    ....း)

    ReplyDelete
  5. cheek ကို ပြောတာလား..
    သယ်ရင်းတစ်ယောက် ပါးဖောင်းနေပီမှတ်တယ် =)

    ReplyDelete
  6. ဟုတ် ချိနေတဲ့ကဗျာလေးလာဖတ်ပါကြောင်း
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  7. ကဗျာ လန်းတယ်ဗျ :D

    ဘတ်ဈေးတွေက တကယ်ပဲ မကောင်းဘူးလားဗျ

    ReplyDelete
  8. ဖတ်ရင်းတောင် ချိလာတယ်...။:)

    ReplyDelete
  9. ဖစ်မှဖစ်ရလေ...မှောင်ချိ

    ReplyDelete