Friday, June 4, 2010

တိုးတိုးလေး တိုက်တဲ့ လေညှင်း

(image from yenta4.com)

ကောင်းကင်ကမှိုင်း

မြူတွေဆိုင်းတော့
ရင်ဝယ်မချိ
နွမ်းနယ်မိပေါ့
မလွမ်းပဲ ဘယ်မှာ ရှိပါ့မလဲ
ချစ်သူ ......
မင်းကို ကိုယ်လွမ်းနေတယ်လို့ 
လေညှင်းကလေးက တိုးတိုးလေး
လာမပြောဘူးလား???

7 comments:

  1. ကိုမျိုး....ရင်ခုန်သံတွေနူးညံ့နေပါလား။

    EvergreenPhyo

    ReplyDelete
  2. နုတယ်ဟေ့။
    မောင်မျိုးရယ် နင်ဟာလေ ကဗျာဘဲရေးရေး ဇာတ်လမ်းဘဲရေးရေး တော်ချက်အေ။

    အမကိုလဲ အဲလိုဥာဏ်လေးတွေ ငှားပါလား။
း)

    ReplyDelete
  3. ပြောဘူး :P

    ReplyDelete
  4. ပုံထဲကမြက်ခင်းလေးကို သဘောကျလိုက်တာ =)

    ကဗျာထဲက စာသားလေးတွေ နုနေလိုက်တာ.. တိုက်နေတဲ့လေတောင် ဘရိတ်အုပ်သွားသလိုပဲ။

    ReplyDelete
  5. လေညင်းလေးက တိုးတိုးလေး ပြောသွားတယ်..
    မင်းချစ်သူ....

    အဲဒီသီချင်းသတိရသွားတယ်။ ဆက်မဆိုတော့ပါဘူး၊ ကြောင်မျက်ရည် မြေမခကောင်းဘူးတဲ့။

    ဒါ sdl ပါ ကြောင်မျိုးရေ..။

    ReplyDelete
  6. ဒီကဗျာလေးကိုကြိုက်တယ် အစ်ကိုမောင်မျိုး

    ခင်မင်စွာဖြင့်
    ရတနာ

    ReplyDelete