Monday, May 31, 2010

နှလုံးသားနဲ့ မြင်ခြင်း

မောင်
ကျမရဲ့မျက်ဝန်းအိမ်ထဲကိုကြည့်ရင်
ချစ်ခြင်းတွေပြည့်နေတာ မြင်ရလိမ့်မယ်

မောင်
ကျမရဲ့နားထဲမှာလည်း
မောင်ရဲ့ချစ်တယ်ဆိုတဲ့အသံတွေပဲ
ပျော်ဝင်နေတတ်တယ်

မောင်
ကျမရဲ့နှုတ်ခမ်းတွေလည်း
မောင့်ရဲ့အကြင်နာတွေကြောင့်
အမြဲပြုံးနေမိတယ်

ချစ်တယ်ပြောလိုက်တိုင်း
ရဲသွားတတ်တဲ့ပါးတွေအတွက်တော့
မောင့်ကျေးဇူးနဲ့
ပါးနီချယ်စရာမလိုတော့ဘူးလေ

ကျမရဲ့ဦးနှောက်ထဲမှာတော့
ဘာတခုမှဝင်လာလို့မရအောင်တားဆီးထားနိုင်တဲ့
မောင့်ကိုမောင်
အံ့သြစွာတွေ့ရလိမ့်မယ်

ကျမနှလုံးသားတွေကရော
ဘာပြောကြမယ်ထင်လည်း
ချစ်လွန်းလို့ဆွန့်အနေကြမလားမသိ

ကဲ.....မောင်
ရှင့်ရဲ့ချစ်သူ ကျမကို
နှလုံးသားနဲ့ မြင်နိုင်ပြီနော်



ဟိုး ရှေးရှေးတုန်းက ရဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ ။ အခုတော့လား ကျနော့်ရည်းစား သူများနဲ့ညာပြီကွယ် (အောင်သူဆိုထားတဲ့ သီချင်း :P )

9 comments:

  1. ချစ်နေတုန်းတော့ တပြုံးပြုံးနဲ့ အကောင်းတွေချည်း မြင်တာပေါ့နော်.. :)

    ReplyDelete
  2. သိလို့ လင့်တောင် ချိတ်ထားကြာပြီ ညီလေးရေ။
    အခု ညီလေးကို ကမ္ဘာ့ဖလား tag ထားပါတယ်။
    http://pyustate.com/2010/05/tag.html
    ရေးပေးပါအုံး ညီလေးရေ။

    သတိရလျက်
    ကိုအောင်

    ReplyDelete
  3. အို..ဘာဖြစ်လဲ အသစ်ရတာပေါ့။

    ReplyDelete
  4. မင်းမရှိတဲ့နောက်.. တစ်ယောက်ပြီး တစ်ယောက်ပေါ့ကွယ်....................။

    :P ဟိ နောက်တာနော်

    ReplyDelete
  5. တခါတလေ..အချစ်ဆိုတာကလဲ..
    လွဲလွဲ..သွားတတ်တာဘဲလေ..
    ဘာဘဲပြောပြော..တချိန်တုန်းက
    နှလုံးသားနဲ့မြင်ခဲ့ဖူးတယ်ဆိုတာလဲ..
    အမှတ်တရတစ်ခုပါဘဲလေ...

    ReplyDelete
  6. နုလှချည်လား မောင်မျိုးရ

    အဟဲ
    တစ်မောင်ထဲမောင်နေတော့တာဘဲ။

    အမနောက်ထပ် သီချင်းလေးတစ်ပုဒ် ထက်ဖြည့်ပေးလိုက်တယ်နော်။

    သူများနဲ့ ညားတဲ့ငါ့ရည်းစား
    ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား

း))))

    ReplyDelete
  7. သြော်
    တမှောင် မှောင်နဲ့ :P

    ReplyDelete
  8. အောက်က စာကြောင်းကြောင့် ရီချင်သွားတယ်ဗျာ ..

    ဒါကလည်း နှလုံးသားနဲ့ မြင်ဖူးခဲ့လို့ နေပါလိမ့်မယ် ...

    ReplyDelete
  9. ငါမှတ်မိတယ်.. ရေးသူ အေးကြည်မ :P

    ReplyDelete