Wednesday, May 26, 2010

အချစ်တွေမရှိတော့တဲ့ ချစ်သူ

စိတ်ညစ်နေတဲ့အခါ
ကျနော့် ဆံပင်ကြမ်းကြမ်းတွေကို
ပွတ်သက်ပြီး အားပေးစကားပြောခဲ့ပေးတဲ့
ချစ်သူကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ မျက်လုံးချင်းမဆုံခဲ့တဲ့
ချစ်သူရဲ့ ရီဝေေ၀ ညှို့မျက်ဝန်းတွေကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
သာလိကာလေးတစ်ကောင်လို
အနားမှ တွတ်ထိုးနေတတ်တဲ့
သာလိကာမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
တခါမှ နမ်းရှိုက်ခွင့်မရခဲ့တဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ကွေးကောက်ကောက် ဆံနွယ်ပိုင်ရှင်
ကျနော့်နှလုံးသားမှာ နေရာယူထားတဲ့
ကောက်ကွေးမလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
လက်ချင်း တင်းတင်းဆုပ်
အချစ်စွမ်းအားနဲ့ စိတ်အင်အားတွေ စီးကူးစေတဲ့
ချစ်သူရဲ့ လက်ဖ၀ါးနုနုလေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့ အခါ
ရင်ခုန်သံတွေ ထပ်တူကျ
တိမ်တွေကြားမှာေ၀၀ါးပျောက်ကွယ်သွားတဲ့
ချစ်သူရဲ့ ပုံရိပ်လေးကို လွမ်းတယ်

စိတ်ညစ်နေတဲ့အခါ
ပိုင်ဆိုင်ခွင့်မရတဲ့
ချစ်သူရဲ့ ဆံစကနေ ခြေဖျားထိ လွမ်းတယ်

အခု ကျနော့်အတွက် အချစ်တွေမရှိတော့တဲ့
ချစ်သူကို လွမ်းတယ် ။

6 comments:

  1. ချစ်သူကို လွမ်းတဲ့ အကြောင်း လှပတဲ့စကားလုံးလေးတွေနဲ့ ဖွဲ့ထားတဲ့ ကဗျာလေး..
    ကြိုက်သွားတယ်..

    ReplyDelete
  2. အင်း လွမ်းစရာပါပဲ ...

    ReplyDelete
  3. မောင်မျိုးရေ

    အမလဲလွမ်းတယ် .........

    ReplyDelete
  4. ဟေ မောင်မျိုးများလား
    ဘယ်တုန်းကပေါ်လာတာတုန်းဟ
    ပေါ်လိုက်ပျောက်လိုက်နဲ့တော့
    မလုပ်နဲ့နော် အချစ်တွေမရှိတဲ့ ချစ်သူက
    ကိုက်လိမ့်မယ်း)

    ReplyDelete
  5. စိတ်ညစ်နေတဲ့အခါ
    ဘယ်တော့မှ မျက်လုံးချင်းမဆုံခဲ့တဲ့
    ချစ်သူရဲ့ ရီဝေေ၀ ညှို့မျက်ဝန်းတွေကို လွမ်းတယ်...

    အခု ကျနော့်အတွက် အချစ်တွေမရှိတော့တဲ့
    ချစ်သူကို လွမ်းတယ် ...

    အရမ်းကောင်းပါလား..

    ReplyDelete
  6. hay blogger man.

    how about u?

    is yr gf with wavy hair style.

    i don't know really.

    who is she?

    ReplyDelete