Thursday, May 6, 2010
မှတ်တိုင်ပါတယ် ...
ဖြေစရာမလိုတဲ့ မေးခွန်းတွေနဲ့
အဖြေ ရှာမရတဲ့ မေးခွန်တွေကြားမှာ
ကွက်လပ်တွေများနေတာကြာပေါ့
အချစ် နဲ့ အမုန်းတွေကြား ဗြာများ
သည်းခံခြင်းနဲ့ တစ်ခါခါ ခေါင်းမော့မော့လာတဲ့ မာနတွေကြား
ကျနော် အသက်ရှူရတာကြပ်တယ်
ခါးသီးတယ် ခါးသီးတယ်လို့ အသံတိတ်အကျယ်ကြီးအော်မိတော့
တစ်ချို့ ကမြိုချလိုက်တဲ့
တစ်ချို့ ကတော့ အန်ထုတ်လိုက်တဲ့
ဘ၀ ကိုကွမ်းတစ်ယာလို စိစိညက်ညက်ကြေအောင်
ဝါမြိုလိုက်တာ နောက်ဆုံး ရလိုက်တာက
အနီရောင်သွေးစက်တွေပါပဲ
ကဲကဲ ...မြန်မြန်လုပ်
ကိုယ်မမြင်ချင်တဲ့သူက
ကိုယ့်ကို မမြင်ယောင်မဆောင်ခင် လာလမ်းအတိုင်းပြန်တော့မယ်
ကား ဆရာရေ့ မှတ်တိုင်ပါတယ် ။
2 comments:
  1. ဘ၀ ကိုကွမ်းတစ်ယာလို စိစိညက်ညက်ကြေအောင်
    အနီရောင်သွေးစက်တွေပါပဲ
    အဲဒါ ဟုတ်တယ်..
    ReplyDelete
  2. ဘိုဒွေနဲ့... ဘာဒွေဖြစ်... ငါ့တူကြီး...
    ReplyDelete