Wednesday, April 28, 2010

မင်းမသိဟန်ဆောင်နေတာ ငါသိတယ်

ခြွေခဲ့တဲ့ ပန်း မြေခပေမယ့်
မပုပ်သိုးဘူး ( ဆေးစိမ်ထားလို့ )
ကွဲခဲ့တဲ့အသဲ နာကျင်ပေမယ့်
မေ့မရဘူး
ချစ်ခဲ့ဖူးတဲ့ အချစ် မေ့သင့်ပေမယ့်
ဖျောက်ဖျက်မရဘူး
နမ်းခဲ့ဖူးတဲ့ အကြင်နာနွေးနွေး
ကြာခဲ့ပေမယ့် ရင်ထဲလှိုက်ဖိုနေတုန်း
ဆိုခဲ့ဖူးတဲ့ သီချင်း
ငှက်ဆိုးထိုးသံလို့  ကောင်းချီးပေးပေမယ့်
ငါ ...ဆက်ဆိုနေဆဲ
( "အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့ လည်း မပျောက်နိုင်'' )
တစ်ချိန်က မဟာဆန်ခဲ့တဲ့အပြုံး
အခု မဲ့ပြနေပေမယ့်
ငါ့အတွက် နတ်သမီးအပြုံးလို့  ထင်မှတ်နေဆဲ
ငါပေးခဲ့ဖူးတဲ့အချစ် အခုခေတ် ကာလပေါက်ဈေးနဲ့  တွက်ရင်
လူတွေပြောပြောနေကြတဲ့ ( ၁၅၀၀) အချစ်ဆိုတာထပ် (၂) ပိဿလောက်ပိုနေပြီး
ကျေးဇူးပြု၍ချစ်သူ
အတိုးမရရင် နေပါစေ
ငါချစ်ခဲ့မိတဲ့အချစ်တွေအတွက် အရင်းတော့ ပြန်ပေးပါ
မင်းမသိဟန်ဆောင်နေတာ ငါသိတယ်။

7 comments:

  1. ဇွတ်ကြီးပဲနော် ဒီလူတော်တော် ဆိုးတယ် :P
    :))

    ReplyDelete
  2. အတိုးမရလို့တော့ ဘယ်ဖြစ်မလဲ အေ..ရင်းထားနှီးထားရတာ နဲတာမှ မဟုတ်တာ။ ၂ ပိသာက ပိုထားသေးတာ မဟုတ်လားး))

    ReplyDelete
  3. သြော်
    ကြွေးတောင်းတဲ့ ကဗျားကိုး ... :P

    (သေချာအောင် မေးပါရစေ .. နှုတ်ခမ်းမွှေးနဲ့ ကြောင်လားဟေ :D)

    ReplyDelete
  4. မောင်ခင်လေး...ခပ်ဆိုးဆိုးပဲကွး)

    မိုင်ရာရေ့ ဟုတ်ပါ့ အလေးကအမှန်နော် အင်မဟုတ်ဘူးဟ

    မိုးခါး အေး ဟုတ်ပါတယ်ဆိုး)

    ကိုလင်းထက်ကြီး သက်ပြင်းချင်နေတယ်

    ဗီလိန်.....မဟုတ်ပါဘူး ချစ်တတ်တာလို့ ပြောရမယ်း)

    မေ...ဟုတ်ကဲ့ ပြာသိုက မောင်မျိုး မောင်မျိုးက ပြာသို တူတူပါပဲ ။

    ReplyDelete