Wednesday, April 21, 2010

နွေရာသီမှာပူပါတယ်

တိတ်ဆိတ်ခြင်းကို လိုချင်လို့
အခန်းကျဉ်းထဲအခန်းကျဉ်ထဲနှပ်မယ် ကြံတော့
ဘေးအိမ်က မကုလားမက သူ့ယောက်ျားကိုထောပနာပြုတယ်
“သေနာကောင် ရှာထားတာ ဘယ်နှပြားရှိလို့ နင့်ဖဲကြွေးငါဆပ်ပေးရမလဲတဲ့...
ဟူးး ..........ကြားရတာတွေ နားပူတယ် ။


ချမ်းအေးခြင်းကို လိုချင်လို့
အိမ်ရှေ့ ထွက်လမ်းလျှောက်တော့
အခွေဆိုင်က အစ်ကို ဟဲနေတဲ့ သီချင်းက
“ဘယ်လောက်ဝေးဝေး မ .ရယ်ယုံပါ” တဲ့
ဟူးး......ကျနော်လည်း မ ...ကိုလွမ်းလို့ ရင်ပူတယ် ။


ပျော်ရွှင်ခြင်းကို လိုချင်လို့
လုပ်ချင်တာတွေလုပ်လာခဲ့တာ
ခဏခဏ ဖျားနာတတ်နေတဲ့ အိတ်ကပ်
ဟောင်းလောင်း ၀မ်းဗိုက်ကတော့ သံစုံတီးဝိုင်းကို ဖွင့်လို့
ဟုတ်ကဲ့ ..၀မ်းပူနေလို့ ရေသောက်ဗိုက်မှောက်ပြီး
ဒီကဗျာကို ရေးဖြစ်မိတယ်
ဟူးး တကယ်နွေမှာ ပူပါတယ် ။

8 comments:

  1. သနားစရာ...။
    စကားမစပ် မ.. ဆိုတာ ဘူဒူဒုံး? :P

    ReplyDelete
  2. တူမောင်မျိုး...
    အောင်မလေး... ဟဲ့...
    ခုမှ ပြန်တွေ့ရတယ်...
    တော်တော် မိုက်မဲတဲ့ ကလေးပါလား...
    ဘယ်တွေ လျှောက်သွားနေသလဲ... ဟမ်...

    ReplyDelete
  3. မိမျိုး...
    ညည်းအေ....
    ပျောက်ရန်ကော..
    သေချာ ပြန်လုပ်ပါ..
    အရေးကျဲချင်ကျဲပါစေ..
    စိတ်ပေါက်ရင် လာလာရေးပါ...
    ညည်းကို သတိရတယ်ဟဲ့.. ကောင်မရဲ့..း))

    ဝဲကမ်းဘက်ပေါ့ကွယ်....

    ReplyDelete
  4. ပူပါတယ်...ပူပါတယ် :)

    ReplyDelete
  5. နွေပူပေမယ့် စိတ်အေးသွားတယ်..
    နင်တောင်စာပြန်ရေးနေပြီပဲ

    ReplyDelete
  6. စာပြန်ရေးတာ မင်္ဂလာပါညီလေးရေ...။

    ReplyDelete
  7. မောင်မျိုးရေ....
    ဒီစာလေးကို မလေးရဲ့နေရာမှာဖတ်ခဲ့ဖူးတယ်ဗျ...။
    စာပြန်ရေးတယ်ဆိုတော့ ၀မ်းသာစရာပါပဲ....။
    စာတွေရေးနိုင်ပါစေဗျာ.....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  8. မောင်မျိုးရေ...
    ဆောတီး... ဒီကော်မန့်က အပေါ်က ပို့စ်မှာရေးတာဗျ...။
    လယ့်နှယ်အောက်ရောက်သွားတုန်းမသိဗျာ....း))

    ReplyDelete